အီလွန်မာ့စ် ကို ၁၉၇၁ ခုနှစ် ဂျွန်လ ၂၈ ရက်နေ့၊ တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ လက်ရှိကမ္ဘာ တီထွင်ဆန်းသစ်မှုပိုင်းမှာ သြဇာအလွှမ်းမိုးဆုံး လူတစ်ယောက်ဖြစ်ပြီး လက်တွေ့ကမ္ဘာရဲ့ Iron Man – တိုနီစတာ့ခ် အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ သူ့ရဲ့ တန်ဖိုးဟာ ဖော့်ဗ်ဂျာနယ်အရ ဒေါ်လာ ၁၁.၆ ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။

young-elon-musk

သူဟာ ဘယ်တော့မှ တင်းတိမ်နိုင်မယ့် လူစားမျိုးမဟုတ်ပဲ သူ့ပတ်ဝန်းကျင်က လူတွေဆီက အတတ်နိုင်ဆုံး ပညာတွေကို အမြဲစုပ်ယူလေ့လာနေပြီး အသစ်အသစ်တွေပဲ လုပ်ဆောင်သွားဖို့ စိတ်အားထက်သန်နေတဲ့ လူတစ်ယောက်ပါ။ သူ့ကို မသိဘူးဆိုရင်တော့ သင်ဟာ သိပ္ပံပညာကို စိတ်မဝင်စားရုံသာမက လက်ရှိကမ္ဘာနဲ့ အလှမ်းဝေးနေတဲ့ လူတစ်ယောက်လို့ ဆိုရမလိုပါပဲ။

2
Credit : Business Insider

အီလွန်မာ့စ်ဟာ အသက် ၂၄ နှစ်မှာ ဆော့ဖ်ဝဲကုမ္ပဏီဖြစ်တဲ့ Zip2 ကို တည်ထောင်ခဲ့ပါတယ်။ ခဏလေးအတွင်း အရမ်းတိုးတတ်ခဲ့ပြီး ၄ နှစ်အကြာမှာ Compaq ကုမ္ပဏီကို ဒေါ်လာသန်း ၃၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ရှယ်ယာအနေနဲ့ ဒေါ်လာ ၂၂ သန်းကို ရရှိခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်မှာ ဒေါ်လာ ၂၂ သန်းနဲ့ တစ်သက်လုံး သက်သက်သာသာ နေသွားနိုင်ပေမယ့် မာ့စ် ဟာ မတင်းတိမ်ခဲ့ပါဘူး။

PayPal Chief Executive Officer Peter Thiel, left, and founder Elon Musk, right, pose with the PayPal logo at corporate headquarters in Palo Alto, Calif., Oct. 20, 2000.
PayPal Chief Executive Officer Peter Thiel, left, and founder Elon Musk, right, pose with the PayPal logo at corporate headquarters in Palo Alto, Calif., Oct. 20, 2000.

သူ့ရဲ့ ဒေါ်လာ ၁၀ သန်းကို အသုံးပြုပြီးတော့ အွန်လိုင်းငွေစုငွေချေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Paypal ကို တည်ထောင်ခဲ့ပါတယ်။ ၃ နှစ်အကြာ ၂၀၀၂ ခုနှစ်မှာ Paypal ကို Ebay ဆီမှာ ဒေါ်လာ ၁.၅ ဘီလီယံ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ မာ့စ်က သူ့ရဲ့ ရှယ်ယာအနေနဲ့ ဒေါ်လာ ၁၇၅ သန်းကို ရှိခဲ့ပါတယ်။ ဒေါ်လာ ၂၂ သန်းတုန်းကသူမတင်းတိမ်ခဲ့လို့ ထပ်ကြိုးစားတယ်။ အခု အသက် ၃၀ အရွယ် ဒေါ်လာ ၁၇၅ သန်းကို ပိုင်ဆိုင်ပေမယ့်လဲ မတင်းတိမ်သေးပါဘူး။

သူဟာ အစပျိုးနေတုန်းပဲ ရှိပါတယ်။

ပြီးတော့ ဒေါ်လာ သန်း ၁၀၀ နဲ့ SpaceX ဆိုတဲ့ အာကာသအေဂျင်စီကို တည်ထောင်ခဲ့ပါတယ်။ သူဟာ စကြဝဠာကြီးထဲမှာ ခရီးသွားချင်သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။

Credit : SpaceX
Credit : SpaceX

ပြီးတော့ ၂၀၀၄ ခုနှစ်မှာ လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla ကို ဒေါ်လာ ၇၅ သန်းနဲ့ တည်ထောင်ခဲ့ပါတယ်။ သူရရှိခဲ့တဲ့ အမြတ်ငွေ ၁၇၅ သန်းဟာ ကုန်သွားပါပြီ။

Elon and Tesla
Elon and Tesla

အခုဆိုရင် အီလွန်မာ့စ် ဟာ အာကာသထိပ်သီး SpaceX နဲ့ လျှပ်စစ်ကား ထပ်သီး Tesla တို့ရဲ့ တည်ထောင်သူနဲ့ CEO တစ်ယောက်ပဲဖြစ်ပါတယ်။ အခုဆို Tesla ကားကုမ္ပဏီရဲ့ တန်ကြေးဟာ ဒေါ်လာ ၂၀ ဘီလီယံ၊ SpaceX ဟာ ဒေါ်လာ ၈.၂ ဘီလီယံတန်ကြေးရှိပြီး အီလွန်မာ့စ် ဆိုတဲ့ လူသားတစ်ဦးတည်းရဲ့ တန်ကြေးဟာ ဒေါ်လာ ၁၁.၆ ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။

အီလွန်မာ့စ်ဟာ ဘယ်လောက်ထိ လုပ်ဆောင်ပြီးမှ သူ့ကိုယ်သူ တင်းတိမ်နိုင်မယ့် လူစားမျိုး ဖြစ်မလဲ။

elon-musk-pano_52698

 

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend