ပြီးခဲ့တဲ့နှစ်အတွင်းက ဂိုဘီကန္ဒာရအတွင်းမှာရှိတဲ့ Jiuquan စင်တာကနေ မစ်ရှပ်စ် (Micius) လို့ခေါ်တဲ့ ဒုံးပျံယာဉ်တစ်ခုကို လွှတ်တင်ခဲ့ပါတယ်။ မစ်ရှပ်စ် ဆိုတာကတော့ ၃၉၁ ဘီစီခန့်က သေဆုံးခဲ့တဲ့ တရုတ်တွေးခေါ်ပညာရှင်တစ်ယောက်ရဲ့ နာမည်ပဲဖြစ်ပါတယ်။ အဲ့ဒီ မစ်ရှပ်စ် ကို နေသွားရာလမ်းကြောင်းအတွင်းထည့်ထားတာကြောင့် သူဟာ နေ့တစ်နေ့ရဲ့ တိကျတဲ့ လမ်းကြောင်းနဲ့ပဲ လှည့်ပတ်နေပါတယ်။ ဆိုလိုတာကတော့

နာရီလက်တံလိုမျိုးပဲ နေ့တစ်နေ့ရဲ့ ဒီအချိန်မှာဆို သူက ဒီနေရာကိုပဲ ရောက်လာပါတယ်။
မစ်ရှပ်စ်ဟာ ဖိုတွန်များထောက်လှမ်းရာမှာ အလွန်အားကောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒီအချက်ဟာ အခြားသော ကွမ်တမ်လုပ်ဆောင်မှုများဖြစ်တဲ့ entanglement (ကွမ်တမ်ရစ်ပတ်ငြှီခြင်း)၊ Cryptography နဲ့ တယ်လီပို့တေးရှင်း တို့အတွက် အရေးပါပါတယ်။

ယမန်နေ့ကတော့ မစ်ရှပ်စ် အသင်းဟာ သူတို့ရဲ့ ပထမဆုံး စမ်းသပ်မှုရဲ့ ရလာဒ်ကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ လုပ်ဖူးသမျှထဲမှာ အဝေးဆုံး entanglement ဖြစ်တဲ့ ကမ္ဘာကနေ ကမ္ဘာပတ်လမ်းကြောင်းထဲအထိ လုပ်ဆောင်ခဲ့ပါတယ်။ ဒီနည်းကိုပဲအသုံးပြုပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဖိုတွန်ကို အာကာသအတွင်း တယ်လီပို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ (ရုတ်ချည်းပို့ဆောင်နိုင်ခဲ့ပါတယ်။)

တယ်လီပို့တေးရှင်းဆိုတာကတော့ ကွမ်တမ်သီအိုရီရဲ့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်တစ်ရပ်ဖြစ်ပြီး စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေမှာလဲ အလွန်အသုံးများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းဟာ entanglement ရဲ့ အလွန်ထူးစမ်းတဲ့ သဘောတရားကို အသုံးပြုရပါတယ်။ ကွမ်တမ်ပစ္စည်းနှစ်ခု (ဥပမာ ဖိုတွန်) ဟာ ဟင်းလင်းပြင်အတွင်း နှစ်နေရာမှာ တစ်ချိန်တည်း အတူတကွ တည်ရှိနေတဲ့အချိန်မျိုးကို entanglement ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဆိုလိုတာကတော့ တူညီတဲ့ဖြစ်တည်မှုနှစ်ခုကို ဝေမျှထားခြင်းပါ။ technical term အနေနဲ့ပြောမယ်ဆိုရင်တော့ နေရာမတူပေမယ့် လှိုင်းလုပ်ဆောင်မှုအတူတူ ပိုင်ဆိုင်ထားကြပါတယ်။

Photo Courtesy to Cornell Univeristy

Entanglement နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ သူတို့ဟာ နေရာအများကြီး ခွဲခြားခံလိုက်ရပေမယ့်လဲ တူညီတဲ့ဖြစ်တည်မှုကို ဆက်လက် ဝေမျှထားခြင်းပါပဲ။ တယ်လီပို့တေးရှင်း ရဲ့ အဓိကအိုင်ဒီယာကတော့ တစ်နေရာမှာရှိတဲ့ ပထမဖိုတွန်ဆီက information များအားလုံးကို “download” ပြုလုပ်ပြီး အခြားတစ်နေရာက ဒုတိယဖိုတွန်ဆီ ချက်ချင်းပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။

ဒီအချိန်မှာတော့ ဒုတိယဖိုတွန်ဟာ ပထမဖိုတွန်ရဲ့ ဖြစ်တည်မှုကို အပြည့်အဝရရှိသွားပါပြီ။ သူ့ရဲ့ လုပ်ဆောင်မှုနဲ့ ရည်ရွယ်ချက်များအားလုံးတူပြီး သူဟာ ပထမဖိုတွန်ကိုယ်တိုင် ဖြစ်သွားပါလိမ့်မယ်။ ဒီဖြစ်စဉ်ကို ကမ္ဘာပေါ်က စမ်းသပ်ခန်းတွေတော်တော်များများမှာ လုပ်ဆောင်ကြည့်ထားပြီးဖြစ်ပါတယ်။

သီအိုရီအရတော့ ဒီအရာကိုလုပ်ဆောင်ဖို့အတွက် အကွာအဝေးကန့်သတ်ချက်မရှိပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ entanglement ဟာ လေထုအတွင်းမှာရှိတဲ့အရာများ သို့မဟုတ် optical ဖိုင်ဘာများကြောင့် ပျက်ယွင်းနိုင်တဲ့အချက်ရှိပါတယ်။
ဒါ့ကြောင့်မို့ သိပ္ပံပညာရှင်များဟာ ကွမ်တမ် entanglement လုပ်ဆောင်ရာမှာ ကန့်သတ်မှုများ အပြင်းအထန် ကြုံတွေ့ရပါတယ်။ လုပ်ဆောင်ဖူးသမျှ စမ်းသပ်မှုများဟာ ကီလိုမီတာ ၁၀၀ အထိသာ လုပ်ဆောင်နိုင်အောင် ကန့်သတ်ထားပြီး အဲ့ဒီထက်ပိုရင်တော့ optical ဖိုင်ဘာများနဲ့ ထိစပ်မိတာကြောင့် မအောင်မြင်တော့ပါဘူး။

ဒါပေမယ့် မစ်ရှပ်စ်အသင်းကတော့ ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၅၀၀ မှာရှိတဲ့ မစ်ရှပ်စ်ယာဉ်နဲ့ entanglement လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကိုလုပ်ဆောင်ဖို့အတွက် တရုတ်သိပ္ပံပညာရှင်များဟာ တစ်စက္ကန့်ကို ဖိုတွန်ပေါင်း ၄၀၀၀ ခန့်ထုတ်ခဲ့ပါတယ်။ ပြီးတော့ သူတို့ထဲက တစ်လုံးကို သန်းခေါင်အချိန်မှာ ခေါင်းပေးတည့်တည့်ဖြတ်တဲ့ ယာဉ်ထဲကို လွှတ်တင်ပါတယ်။ အခြား ဖိုတွန်တစ်လုံးကိုတော့ ကမ္ဘာပေါ်က စမ်းသပ်ခန်းထဲမှာ ထားထားပါတယ်။ နောက်ဆုံးမှာတော့ ဒီဖိုတွန်နှစ်လုံးဟာ entanglement လုပ်ဆောင်နေတာကို ထောက်လှမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃၂ ရက်အတွင်းမှာ တရုတ်သိပ္ပံပညာရှင်များက ဖိုတွန်ပေါင်း သန်းချီလွှတ်တင်ခဲ့ပြီး အခုလို positive ရလာဒ်ပေါင်း ၉၁၁ ခုရရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်းအထိ ပထမဆုံး entanglement လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လုပ်ဆောင်ဖူးသမျှထဲမှာ အဝေးဆုံးအကွာအဝေးပဲ ဖြစ်ပါတယ်။

ဒီမတိုင်ခင်က ကွမ်တမ် entanglement စမ်းသပ်မှုများကို အမေရိကန်နဲ့ ဥရောပနိုင်ငံများက ဦးဆောင်နေခဲ့ပါတယ်။ ဒီ မစ်ရှပ်စ် ရဲ့ အောင်မြင်မှုကို သူတို့အခု ဘယ်လိုပြန်လည်တုံ့ပြန်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။ ပြိုင်ဆိုင်မှုများအားလုံးထဲမှာ ကမ္ဘာအတွက် အကျိုးပြုတာ အနည်းငယ်ပဲရှိပါတယ်။ အဲ့ဒီအထဲမှာ သိပ္ပံနည်းပညာတိုးတက်မှုပြိုင်ဆိုင်ခြင်းလဲ ပါပါတယ်။


မှီငြမ်း – arxiv.org/abs/1707.00934 : Ground-to-satellite quantum teleportation

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend