ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ဟာ နီကိုလာတက်စ်လာ ရဲ့ ၁၆၁ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။

သူဟာ ဆာဘီးယားလူမျိုး အင်ဂျင်နီယာ၊ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မွေးနေ့ကို ဂုဏ်ပြုခြင်းဟာ ထိုက်တန်ပါတယ်။ အက်ဒီဆင်ရဲ့ မွေးနေ့မှာ အမေရိကန်အတွင်း မီးများခတ္တမိတ်ပြီး ဂုဏ်ပြုကြတယ်လို့ သိရပါတယ်။ တက်စ်လာ ရဲ့ မွေးနေ့ကို မီဒီယာများ ဘယ်လိုတုန့်ပြန်ကြသလဲ။ သူသာမရှိရင် သင်ဟာ ဒီစာကို ဖတ်နေဖို့သာသာ သင့်အိမ်မှာတောင် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ရှိနိုင်မှာမဟုတ်ပါဘူး။

တက်စ်လာဟာ သူအသက်ရှင်ခဲ့စဉ် ၈၆ နှစ်အတွင်းမှာ တီထွင်မှုပေါင်း ၃၀၀ ကျော်ကို ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာမှ သင်သိနိုင်မယ့် အရာများကိုပြောရမယ်ဆိုရင်တော့ Alternative Current (AC)၊ လျှပ်စစ်မော်တာ၊ ရေဒီယို၊ မီးချောင်း၊ လေဆာ၊ ရီမုဒ်ကွန်ထရိုး၊ ဝိုင်ဖိုင်ခေတ်ဦး တို့နဲ့ အခြား ပစ္စည်းများဖြစ်ပါတယ်။ ဒါတွေကို သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်က တီထွင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်အချို့သော သူ့ရဲ့ အိုင်ဒီယာများဟာ ယနေ့အထိ ကျွန်တော်တို့ တွေးဖို့ လိုက်မမီသေးပါဘူး။ သူဟာ တစ်ခါက သေမင်းရောင်ခြည်အကြောင်းကို တွေးဖူးတယ်လို့ ပြောဖူးပါတယ်။ အခု ဒီ ပါရမီရှင်ရဲ့ အကျဉ်းချုပ်အကြောင်းကို နည်းနည်း နွှေးကြည့်ကြရအောင်။

Nikola Tesla : The man who electrified the world

နီကိုလာတက်စ်လာကို ၁၈၅၆ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့ မှာ ယနေ့ခရိုအေးရှား နိုင်ငံရှိရာဒေသဖြစ်တဲ့ စမီယန် ဒေသမှာ မွေးဖွားခဲ့ပါတယ်။

သူ့အဖေဖြစ်တဲ့ မီလူတင် တက်စ်လာ ဟာ ဆာဘီးယာဘုန်းကြီးတစ်ဦးဖြစ်ပြီး သူ့အမေဖြစ်သူ ဂျူကာ မန်းဒစ်ကတော့ အိမ်သုံးလက်မှုပစ္စည်းတွေ ပြုလုပ်သူတစ်ဦးဖြစ်ပါတယ်။

ကောလိပ်မှာကတည်းက တက်စ်လာဟာ ရူပဗေဒနဲ့ သချင်္ာလေ့လာရာမှာ ဝါသနာထုံခဲ့သူတစ်ဦးဖြစ်ပြီး လျှပ်စစ်ပညာရပ်ကို အထူးစိတ်ဝင်စားခဲ့ပါတယ်။

သူဟာ ၁၈၇၃ ခုနှစ်မှာ သြစတြီးယာရှိ ပိုလီတက္ကနစ်တစ်ခုမှာတက်ရောက်ခဲ့ပြီးတော့ ပရာဂူးတက္ကသိုလ်ကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ ပြီးတော့ ဘူဒါပတ်စ် မှာရှိတဲ့ တယ်လီဖုန်းကုမ္ပဏီတစ်ခုမှာ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်အဖြစ် အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အချိန်ကတော့ ၁၈၈၁ ခုနှစ်ဖြစ်ပါတယ်။

ပြီးတော့ သူငယ်ချင်းတစ်ယောက်နဲ့ ပန်းခြံတစ်ခုအတွင်းမှာ လမ်းလျှောက်ထွက်နေတုန်းသူက induction မော်တာရဲ့ concept ကို စဉ်းစားမိခဲ့ပါတယ်။

ပြီးတော့ သူဟာ ပြင်သစ်နိုင်ငံ စတရစ်ဘို့ဒ် ကိုပြောင်းသွားပြီး ၁၈၈၃ ခုနှစ်မှာ induction မော်တာကို တီထွင်ပြီး အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဥရောပတစ်ခွင်မှာ သူ့ရဲ့ တီထွင်မှုကို စိတ်ဝင်စားတဲ့သူ များများစားစားမရှိတာကြောင့် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး နာမည်ကျော် သောမတ်စ် အက်ဒီစင်ရဲ့ ကုမ္ပဏီမှာ ဝင်ရောက် အလုပ်လုပ်ခဲ့ပါတယ်။

ပြီးတဲ့ နောက်မှာတော့ သူ့ကုမ္ပဏီရဲ့ အဓိက patent ဖြစ်တဲ့ direct current ကို အံတုပြီး alternative current ကို တီထွင်ခဲ့ပါတယ်။ ဒီအခါမှာ ကုမ္ပဏီအကြီးအကဲဖြစ်သူ အက်ဒီစင်နဲ့ သဘောထားကွဲလွဲမှုများရှိခဲ့ပြီး မကြာခင်မှာပဲ အလုပ်ထွက်ခဲ့ပါတယ်။

တက်စ်လာရဲ့ ငယ်ဘဝကတည်းက အိပ်မက်ကတော့ အမေရိကန်နိုင်ငံက အကြီးဆုံး ရေတံခွန်ဖြစ်တဲ့ နီယာဂရာ ရေတံခွန်ကနေ လျှပ်စစ် ထုတ်ယူဖို့ပဲ ဖြစ်ပါတယ်။

၁၈၉၅ ခုနှစ်မှာတော့ သူဟာ အဲ့ဒီရေတံခွန်မှာ ကမ္ဘာ့ပထမဆုံး ရေအားလျှပ်စစ် ပါဝါရုံကို ဆောက်လုပ်ခဲ့ပါတယ်။ အဲ့ဒီ Goat Island မှာ တက်စ်လာကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ပုံတူရုပ်ထုဟာ အခုထိ ရှိပါသေးတယ်။

သူဟာ တီထွင်မှုများမှာ တစ်ဖက်ကမ်းခက်သလို တစ်နေရာမှာ ပါရမီထူးလွန်းသူတို့ ထုံးစံအတိုင်း အများနဲ့မတူတဲ့ အမူအကျင့်များနဲ့ ဇီဇာကြောင်မှုများ ရှိပါတယ်။ သူဟာ သူ့အသက် ၄၀ လောက်မှာ solid food တွေကို မစားတော့ပါဘူး။

သူက ပျားရည်၊ နွားနို့ နဲ့ အခြားသော သစ်သီးဖျော်ရည်များကိုသာ မှီဝဲတော့တယ်လို့ ဆိုပါတယ်။

ပြီးတော့ သူဟာ တစ်ခါအိပ်ရင် နှစ်နာရီထက် ပိုကြာအောင် မအိပ်တတ်ဖူးလို့ ဆိုပါတယ်။ အချို့သောဖော်ပြချက်တွေအရ သူဟာ ၈၄ နာရီကြာသည်အထိ မရပ်တမ်း အလုပ်လုပ်ဖူးတယ်လို့ ဆိုပါတယ်။

ပြီးတော့ သူဟာ ယနေ့ခေတ် တီဗီ၊ ရေဒီယိုကဲ့သို့သော ပစ္စည်းတွေမှာ အသုံးများတဲ့ တက်စ်လာကွိုင်ကို တီထွင်ခဲ့ပါတယ်။ လက်ရှိမှာလဲ အချို့သော ဖျော်ဖြေရေးပစ္စည်းတွေနဲ့ ပညာရေးဆိုင်ရာ သရုပ်ပြမှုတွေမှာ တက်စ်လာကွိုင်ကို အသုံးပြုပါတယ်။

၁၈၉၆ ခုနှစ်မှာ သူဟာ ရေဒီယိုကို တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒီတီထွင်မှုကို မှတ်ပုံမတင်ခဲ့ပါဘူး။ ဒီလိုနဲ့ ၁၉၀၁ ခုနှစ်မှာ မာကိုနီ ဆိုတဲ့ တီထွင်သူတစ်ဦးက ကမ္ဘာ့ပထမဆုံး ရေဒီယို transmission ကို တရားဝင်ပြုလုပ်ခဲ့ပါနဲ့။ ဒီလိုနဲ့ သူဟာ ရေဒီယို တီထွင်မှုအတွက် နိုဘယ်လ် ဆု ရရှိခဲ့ပါတယ်။ နောက်ပိုင်း တက်စ်လာသေပြီးမှသာ ရေဒီယို တီထွင်သူဟာ နီကိုလာ တက်စ်လာသာ ဖြစ်ကြောင်း ပြောင်းလဲ အသိအမှတ်ပြုခဲ့ပါတယ်။

တက်စ်လာဟာ အခြား မဖြစ်နိုင်တဲ့ concept နှစ်ခုဖြစ်တဲ့ “death ray” နဲ့ “impenetrable wall of force” ကို သီအိုရီပိုင်းအရ တင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တက်စ်လာဟာ ၁၉၄၃ ခုနှစ်မှာ သေဆုံးခဲ့ပြီးတော့ သူသေဆုံးပြီး နာရီပိုင်းအကြာမှာ FBI က သူ့ရဲ့ ဟော်တယ်ခန်းထဲက စာရွက်စာတမ်းတွေကို သွားရောက် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်မှာ FBI ကို ဦးဆောင်ပြီး တက်စ်လာကို စောင့်ကြည့်ခဲ့သူကတော့ အခု သမ္မတ ထရန့်ရဲ့ ဦးလေးဖြစ်သူ John G. Trump ဖြစ်ပါတယ်။ သူဟာလဲ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး စစ်တပ်နည်းပညာဆိုင်ရာ သုတေသီတစ်ဦးဖြစ်ပါတယ်။

တက်စ်လာဟာ သူအသက်ရှင်စဉ်အတွင်းမှာ ဘယ်သူနဲ့မှ လက်မထပ်ခဲ့ပဲ တစ်ခါက သူဟာ ခိုလေးတစ်ကောင်ကို ချစ်ဖူးတယ်လို့လဲ ဆိုပါတယ်။ သူဟာ ပန်းခြံတွေထဲကို သွားပြီး ခိုစာကျွေးလေ့ရှိကာ သူ့ဆီအမြဲတမ်းလာလည်တတ်တဲ့ ခိုဖြူလေးတစ်ကောင်နဲ့ သာမန်ထက်ပိုတဲ့ relationship တစ်ခု တည်ဆောက်ခဲ့ပါတယ်။

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend