“တစ်…နှစ်…သုံးလိုမျိုး ရိုးရှင်းပါတယ်”

ဖာရိုခ်အဝေး မှာကျွန်တော်ငယ်ငယ်တုန်းက ဘားနက်ဝေါလ်ကာ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျွန်တော်တို ့နှစ်ယောက်စလုံးရဲ  ့အိမ္မွာ လက်တွေ ့စမ်းသပ်ခန်းကိုယ်စီ ရွိၾကေတာ့ ဟိုဟာ စမ်းသပ်လိုက် ဒီဟာ စမ်းသပ်လိုက်နဲ ့လုပ်ခဲ့ကြတယ်။ တစ်နေ ့ကျွန်တော်တို ့နှစ်ယောက် ”စဉ်းစားတယ်” ဆိုတဲ့ မေးခွန်းနဲ ့ပတ်သတ်ပြီးဆွေးနွေးခဲ့ကြတယ်။

“စဉ်းစားတယ်” ဆိုတာ ဘာရယ်တော့မဟုတ်ဘူး ကိုယ့်ကိုယ်ကို စကားပြောနေတာလေးပါ

“ဟုတ်လား ဒါဆိုငါ့ကို ကားထဲက ကရိုင်းရှပ်ရဲ  ့ပုံကိုသိလား” ဘားနက်ကမေးတယ်။

“ဘယ်လိုပုံမျိုးတုန်း”

“ဟုတ်ပြီ ဒါဆို ဘယ်လိုပုံမျိုးလဲ ဆိုတာ မင်းကိုယ်မင်းပြောပြီးဘယ်လိုပုံဖော်မတုန်း”

ဘားနက်ပြောတဲ့ပုံအရဆိုရင် သိလိုက်တာ အတွေးဆိုတာပုံဖော်ခြင်းဖြစ်နိုင်သလိုနှုတ်ရေးနဲ ့လည်းဖြစ်နိုင်တယ်ဆိုတာကိုပဲ။

ကောလိပ်တက်တော့ အိပ်မက်ဆိုတာကိုပါ စိတ်ဝင်စားလာတယ်။ ဘာဖြစ်လို ့များတကယ်ဖြစ်နေသလိုထင်နေရတာလဲ။ မြင်တယ်ဆိုတာကလည်း အလင်းကသူငယ်အိမ်ကိုထိမှ မြင်ရတယ်ဆိုတော့ မျက်လုံးပိတ်ထားပါတယ်ဆိုတဲ့ကြားက မျက်စိထဲမှာရှိနေတဲ့အာရုံကြောတွေကို ဦးနှောက်ကလှုံဆော်ပေးလိုက်တာလား။ ဒါမှမဟုတ် ဦးနှောက်မှာဘဲ ဘယ်ဟာလုပ် ဘယ်ဟာမလုပ်နဲ ့ဆိုတဲ့ ဌာနရှိနေတာလား။ ဦးနှောက်ဘယ်လိုအလုပ်လုပ်တယ်ဆိုတာစိတ်ဝင်စားတယ်။ စိတ်ပညာဘာသာရပ်ဆီကလည်း ကျေနပ်လောက်တဲ့အဖြေလည်း တစ္ခါမွမရဘူး။

ပရင်းစတန်မှာ ကျောင်းတက်တုန်းကတော့ ဘာရယ်မဟုတ်တဲ့ စိတ်ပညာရပ်ဆွေးနွေးထားတဲ့အကြောင်းအရာတော့ဖတ်လိုက်ရတယ်။ စာရေးသူရေးထားတာက ဦးနှောက်ထဲမှာအချိန်ရဲ  ့အေငြ  ့အသက်တွေနဲ ့ရှိနေတဲ့အရာတွေက ဓာတုဗေဒဖြစ်စဉ်သဘောတွေပါတဲ့။ သူဘယ်လိုလုပ်သိသွားတာတုန်း။

ဘယ်လိုုလုပ်ပြီးသိလဲဆိုတော့ သူ ့မိန်းမနာတာရှည်ရောဂါနဲ ့ကြည့်ပြီးဆုံးဖြတ်လိုက်တာတဲ့။ သူ ့မိန်းမရဲ  ့အချိန်အာရုံလေးကို တစ်ခုခုလုပ်ရင်နဲ ့စမ်းသပ်ဖို ့အကြံရသွားတယ်။ နာရီကိုမကြည့်ဘဲ တစ်…နှစ်…သုံး ရေတွက်ခိုင်းတယ်။ စက္ကန် ့၆၀မှာဘယ်လောက်ကြာလဲပေါ့။ နာတာရှည်ရောဂါဆိုတော့ကာ သူ ့မိန်းမဖျားတဲ့အချိန်မှာ တစ်နှစ်သုံး ရေတွက်တဲ့အခါ ပိုမြန်တာကိုတွေ ့ရသလို သာမန်အချိန်မှာတော့ နှေးတာတွေ ့ရတယ်လို ့သူဆိုတယ်။ ဒါကြောင့်မို ့လို ့အချိန်အငွေ ့အသက်ရှိနေတဲ့အရာတွေက ဓာတုဗေဒဖြစ်စဉ်သဘောတွေပေါ်မူတည်တယ်။ ဖျားနေရင်ရေတွက်တာမြန်ပြီးမဖျားရင်တော့နှေးတယ်ပေါ့။

သိပ္ဗံနည်းကျကျဆိုသလိုမျိုးပဲ စိတ်ပညာရှင်တွေက ကိုယ်ခန္ဒာဘေးမှာရှိနေတဲ့ ပတ်ဝန်းကျင်အပူချိန်မူတည်ပြီးပြောင်းလဲနိုင်တယ်။ ဒါကြောင့်သူ ့မိန်းမရေတွက်တဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်ကအပူချိန်တွေပါတိုင်းထားတယ်။ အပူချိန်ဘယ်လောက်မှာ ဘယ်လောက်ရေတွက်တဲ့နှုန်းပြောင်းလဲပေါ့။ ဒါနဲ ့ဓာတုဗေဒတုံ ့ပြန်မှုတစ်ခုနဲ ့တူညီတယ်ဆိုတာရှာဖွေပြီးနောက်ဆုံးမှာ သံဓာတ်ပြုမှုနဲ ့တူတယ်ဆိုတာတွေ ့သွားတယ်။ ဒါနဲ ့ပဲ သူ ့မိန်းမရဲ  ့အချိန်ပေါ်ခံစားမှုအာရုံက သူ ့ခန္ဒာကိုယ်မှာရှိတဲ့ သံဓာတ္နဲ ့ဆိုင်တယ်ဖြစ်သွားပါလေရော။

ပြောရရင်တော့ ကျွန်တော်အတွက်ကတော့ ပေါက်တတ်ကရလို ့ထင်မိတယ်။ ဒီထက်ဒီလိုအကြာကြီးလုပ်နေတဲ့စမ်းသပ်မှုမှာ ဖြစ်နိုင်တဲ့အကြောင်းပြချက်မှားပါသွားနိုင်တာလည်းဖြစ်နိုင်ပါတာကို။ ဒါပေမယ့် စိတ်ဝင်စားစရာတော့ ကောင်းတယ်။ အချိန်အာရုံကိုဘယ်လိုဆုံုးဖြတ်မတုန်း။ ရေတွက်နေတဲ့အချိန်မှာရော အဲဒီရေတွက်နှုန်းကဘာတွေပေါ်မူတည်လဲ။ အဲဒီရေတွက်နှုန်းပြောင်းဖို ့ဆိုရင်ရော ဘာတွေလုပ်လို ့ရလဲ။

ကျွန်တော်လည်းစပြီးစမ်းသပ်ကြည့်တာပေါ့။ နာရီကိုမကြည့်ပဲနဲ ့တစ်…နှစ်…သုံး ခြောက်ဆယ်အထိရေတွက်ကြည့်တော့ ၄၈စက္ကန် ့ကြာတယ်။ ကိစ္စမရှိပါဘူးလေ။ အဓိကက စက္ကန် ့၆၀အတွင်းမှာ ၆၀ကွက်တိရအောင်ရေတွက်ရတာမှမဟုတ်တာ။ ၄၈စက္ကန် ့နဲ ့ပြီးတာလောက်ကတော့ ကျွန်တော့်အတွက်ပုံမှန်ပဲ။ အကြိမ်ကြိမ်ထက်ရေတွက်ရင်လည်း ၄၉၊၄၈၊၄၈ နောက်တစ်ခါကြတော့ ၄၇၊၄၈၊၄၉၊၄၈ နဲ ့ဖြစ်သွားပြန်ရော။ သာမန္ကေတာ့ ၄၈စက္ကန် ့တာတွေ ့ရတယ်။

ဒီတစ်ခါကျတော့ မေရတြက္ပဲနဲ ့တစ်မိနစ်ဘယ်လောက်ကြလဲဆိုတာခန် ့မှန်းတယ်။ ဒီမှာတော့ လုံးဝမတူတော့ဘူး။ မှန်းရုံသက်သက်နဲ ့တစ်မိနစ်ဘယ်လောက်ကြာလဲဆိုတာတော့ ကျွန်တော့်အတွက်ခက်ခဲတယ်။ ဒါပေမယ့် ရေတွက်ရင်တော့ အဆင်ပြေတယ်။

ကျွန်တော့်ရဲ  ့သာမန်ရေတွက်နှုန်းသိပြီဆိုတော့ နောက်မေးခွန်းတစ်ခုကဘာတွေက ဒီစံနှုန်းကိုသက်ရောက်မှုရှိလဲ။

နှလုံးခုန်နှုန်းနဲ ့ဆိုင်မှာပေါ့ လို ့ထင်မိတယ်။ ဒါကြောင့်ကျွန်တော် လှေကားတက်တယ်၊ဆင်းတယ်၊တက်တယ်၊ဆင်းတယ် အခါခါလုပ်ကြည့်တယ်။ နှလုံးခုန်းနှုန်းကတော့ မြန်လာတာပေါ့။ ပြီးတော့အခန်းထဲသွား အိပ်ရာပေါ်ပစ်လှဲပြီး ၆၀အထိရေတွက်ကြည့်တယ်။

လှေကားကို တက်လိုက်ဆင်းလိုက်လုပ်နေတဲ့အချိန်မှာလည်း ရေတွက်ကြည့်သေးတယ်။ တခြားသူတွေကမြင်တော့ ဘာလုပ်နေတာလဲဆိုတာပြီးရယ်တာပေါ့။ သူတို ့ကိုပြန်ဖြေဖို ့အချိန်မရှိဘူးလေ။ တစ်..နှစ်..သုံးရေတွက်နေတာကို။ တက်လိုက်ဆင်းလိုက်လုပ်နေတာများအရူးကိုဖြစ်လို ့။

ဒါနဲ ့ပဲအပေါ်တက်အောက်ဆင်းလုပ်တဲအကျိုးနဲ ့ပဲအိပ်ရာပေါ်မှာလှဲပြီးအဖြေရှာတော့ အံ့သြစရာပေါ့။ ဖြစ်ပေါ်လာတဲ့နှလုံးခုန်နှုန်းကသက်ရောက်မှုမရှိတာတွေ  ့ရတယ်။ နောက်ထပ်တွေ ့ရတာက ပြေးဆင်းပြေးတက်လုပ်တော့ ဖြစ်ပေါ်လာတဲ့ခန္ဒာကိုယ်အပူချိန်ကလည်း ဘာမှသက်ရောက်မှုမရှိဘူးဆိုတာပဲ။ ရေတွက်တဲ့စံနှုန်းကိုဘာတွေသက်ရောက်နိုင်တယ်ဆိုတာ ရွာမေတြ ့နိုင်သေးဘူး။

ပြေးတက်ပြေးဆင်းလုပ်ရတာပင်ပန်းတယ်။ ဒါကြောင့် တစ်ခုခုလုပ်နေရင်းနဲ ့ရေတွက်ကြည့်မယ်။ ဥပမာ အဝတ်လျှော်နေရင်းနဲ ့ရှပ်အကျီဘယ်နှစ်ထည်၊ ဘောင်းဘီဘယ်နှစ်ထည် စသည်ဖြင့်ပေါ့။ ဘောင်းဘီပေါ်မှာ ၃ ဒါမှမဟုတ် ရှပ်အကျီပေါ်မှာ ၄ ဆိုပြီးတော့ တင်ထားလို ့ရတယ်။ ဒါပေမယ့် ခြေအိတ်ကျတော့အဆင်မပြေဘူး။

အဲဒါကိုပဲဆက်ပြီး သတင်းစာထဲက စာပိုဒ်အပိုဒ်လိုက် တစ်ကြောင်းချင်းစီဘယ်နှစ်ကြောင်းပါဝင်တာကိုရေတွက်တယ်။ အစုလိုက်အစုလိုက်လုပ်ပြီးတော့ သုံးကြောင်း…သုံးကြောင်း….သုံးကြောင်း တစ်ဆယ်ပြည့်ဖို ့တစ်ထည့်။

စာရိုက်နေတဲ့အချိန်မှာရောဆက်ပြီးရေတွက်နိုင်သေးတယ်။ ဒီမှာထူးခြားတာကိုစတွေ ့တာ။ သာမန် ၁၉၊၂၀၊၂၁ ဆိုပြီးရေတွက်ပြီးရိုက်နေတယ်။ ရေတွက်ပြီးရိုက်နေစဉ်မှာ “ဒီစကားလုံးက ဘာလဲဟ…..သြော်ဟုတ်ပြီ” ဆိုပြီး ရေတွက်ပြီးဆက်ရိုက်တယ်။ နောက်ဆုံးတော့ ၆၀အထိရောက်သွားတယ်။ ဒါပေမယ့်အရင်ထက်နောက်ကျတာကိုတွေ ့ရတယ်။

ပြန်လည်ဆန်းစစ်တဲ့အခါမှာ စာရိုက်လို ့စကားလုံးအခက်တွေနဲ ့တွေ  ့တဲ့အခါမှာဒီရေတွက်တဲ့စံနှုန်းကို လာပြီးအနှောင့်အယှက်ဖြစ်တာတွေ ့လိုက်ရတယ်။ ဦးနှောက်ကိုအခန်းတစ်ခန်းပေးပြီး ကိုယ့်ကိုယ်ကို စကားပြောလိုက်သလိုမျိုးပေါ့။ ရေတွက်တာနှေးသွားတာတော့မဟုတ်ဘူး ဒါပေမယ့် ရေတွက်တာ ပြတ်တောင်ပြတ်တောင်ဖြစ်သွားတယ်။ ၆၀အထိရေတွက်တာတော့ သာမန် အနှောင့်အယှက်ဖြစ်လို ့ဖြစ်မှန်းသတိမထားမိဘူး။

နောက်တစ်နေ ့မနက်မှာတော့ နံနက်စာစားရင် သူငယ်ချင်းတွေကို ဒီစမ်းသပ်မှုအကြောင်း စမြုံပြန်တာပေါ့။ ငါရေတွက်နေရင်းနဲ ့ဘယ်ဟာမဆိုအဆင်ပြေတယ် အဆင်မပြေတာတစ်ခုက စကားပြောလိုက်ရင်ဘဲ။

ဂြ်န္တူကီ ဆိုတဲ့ တစ်ယောက်က “မင်းစာဖတ်နေရင်းနဲ ့ရေနိုင်တယ်ဆိုတာမဖြစ်နိုင်ဘူး။ ဘာလို ့စကားပြောရင်းနဲ ့ရော မရတာလဲ။ငါစကားပြောရင်းနဲ ့ရေတွက်ပြမယ်။မင်းစာဖတ်ရင်းနဲ ့ရေတွက်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး လောင်းရဲတယ်”

အဲဒါနဲ ့ကျွန်တော်လည်း စာအုပ်တစ်အုပ်ယူပြီး ကိုယ့်ကိုယ်ကိုရေတွက်ပြီး စာအုပ်ဖတ်တယ်။ ပြီးတော့ သာမန် ၄၈ စက္ကန် ့ကြာတယ်။ ဘာတွေရေးထားတယ်ဆိုတာ ပြန်ပြောပြတယ်။

တူကီ ကတော့ထူးခြားတယ်။ ကျွန်တော်တို ့တွေအာရုံစိုက်ပြီး ပုံမှန်စကားပြောနေတဲ့အချိန်မှာ ရေတွက်နေပြီးတော့ နောက်ဆုံးတစ်မိနစ်မှာ သူ ့ရဲ  ့စံနှုန်းကွက်တိရသဗျာ။

အဲဒီအကြောင်းကိုဆက်ပြောဖြစ်တော့ တူကီက ရေတွက်တာကို တခြားနည်းနဲ ့ရေတွက်တယ်။ သူ ့စိတ်ထဲမှာပုံဖော်တာက တိတ်ပေါ်မှာနံပါတ်တွေရေးထားပြီး စကားတစ်လုံးသွားတာနဲ ့တစ်…နှစ်….သုံးဆိုပြီး တိတ္နဲ ့အခွေကြည့်သလိုမျိုးတဲ့။ ဒါကြောင့်မို ့လို  ့တိတ်ခွေသွားသလိုမျိုးကြည့်ပြီးရေတွက်တော့ စာဖတ်လို ့မရတာဖြစ်ပြီးတော့ ကျွန်တော်ကျတော့ ကိုယ့်ကိုယ်ကို စကားပြောသလိုရေတွက်နေလို ့စကားပြောရင်းမလုပ်နိုင်တာ။

နောက်တစ်ခုထပ်လုပ်ကြည့်တာက အသံအကျယ်ကြီးအော်ဖတ်ပြီးရေတွက်တဲ့အခါ နှစ်ယောက်စလုံးမလုပ်နိုင်တော့ဘူး။ သိလိုက်တာက ကျွန်တော်တို ့ဦးနှောက်က မြင်တယ်နဲ ့ပြောတယ်ဆိုတဲ့ ဌာနတွေကို မနှောင့်ယှက်ပဲအသုံးပြုနေတယ်။ ဒါနဲ ့လက်ချောင်းတွေချိုးပြီး အထိအေတြ ့ဆိုတဲ့အာရုံနဲ ့စမ်းသပ်ပြန်တယ်။

အထိအေတြ ့နဲ ့ကျတော့ အသံအကျယ်ကြီးအော်ဖတ်တာအဆင်ပြေတယ်။ ဒါပေမယ့်ကျွန်တော်တို ့ဒီစမ်းသပ်မှုမှာလုပ်နေတာက စိတ်ပိုင်းဆိုင်ရာနဲ ့လိုချင်တော့ ကိုယ်ခန္ဒာအစိတ်အပိုင်းတော့ မမှီခိုချင်ဘူး။ အဲဒါနဲ ့လက်ချောင်းတွေချိုးပြီး ရေတွက်တယ်သဘောထားပြီး အကျယ်ကြီးအော်ဖတ်တဲ့အခါ အဆင်မပြေဘူး။ လေ့ကျင့်မှုမရှိသေးလို ့ဆိုပြီးထင်ပေမယ့်မဟုတ်ဘူး။မဖြစ်နိုင်ဘူး။ လုပ်နိုင်တဲ့သူလည်းမတွေ ့ဖူးဘူး။

တူကီနဲ ့ကျွန်တော်ဖြစ်ပျက်ခဲ့တာလေး ပြန်ကြည့်ရင် လူတွေအမျိုးမျိုးက အကြောင်းအရာတစ်ခုတည်းကိုလုပ်နေတာချင်းတူတူ သူတို ့တွေးတဲ့အခါကွာသွားတယ်။ ရိုးရိုးရှင်းရှင်းကိစ္စလေး ဖြစ်တဲ့ ရေတွက်တာမျိုး။ တစ်ယောက်နဲ ့တစ်ယောက်ကအမျိုးမျိုးပဲ။ ဦးနှောက်ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျရော အပြင်ပန်းကနေရောစမ်းသပ်နိုင်တယ်။ဒါကိုဘယ်လိုရေတွက်လဲ ဘယ်လို မြင်လဲမမေးရဲပဲနဲ ့လုပ်နိုင်လားမလုပ်နိုင်လားဆိုတာပဲကြည့်ရတော့မယ်။ စမ်းသပ်တာတော့သေချာပေါက်ပဲ။ ဘယ်လိုမှလည်း လိမ်ညာလို ့မရဘူး။

ကျွန်တော်တို ့ဦးနှောက်ထဲမှာ ဘာအတွေးတွေရှိတယ်ဆိုတာရှင်းပြဖို ့ရာသဘာဝကျပါတယ်။ အယူအဆေတြ တစ်ခုပေါ်တစ်ခုဆင့်ပြီးတော့ ဒီအတွေးကိုပဲ နောက်အတွေးနဲ ့ဖော်ပြပြီး တစ်ဖန် အဲဒီနောက်အတွေးအခေါ်ကိုပဲ နောက်ထပ်အတွေးအခေါ်နဲ ့ထပ်ပြီးမတူညီတဲ့လူတွေဆီကနေ ရှင်းပြတယ်။

အမြဲတမ်းလိုလိုစဉ်းစားမိတာက ဆိုင်ရာပညာရှင်တွေမှသာနားလည်နိုင်တဲ့အရာတွေကိုသင်ပြတဲ့အခါမျိုး ဥပမာ ဘတ်ဆယ်လ် ညီမျှခြင်းလိုမျိုး။ ကျွန်တော်ကတော့ ဒီညီမျှခြင်းမှာပါဝင်တဲ့သင်္ကေတကိန်းဂဏန်းတွေကို အရောင်တွေနဲ ့မြင်ယောင်မိတယ်။ ဘာလို ့မှန်းတော့မသိဘူးလေ။ ပြောရမယ်ဆိုရင် n ကို ခရမ်းအပြာရောင် x ကို အညိုအရင့် တို ့နဲ ့ပုံဖော်လိုက်တယ်။ ကျွန်တော့်ရဲ  ့ကျောင်းသားတွေရော ဘယ်လိုမြင်ယောင်လဲဆိုတာတော့စဉ်းစားမိပါတယ်။

~ကျော်ညွန် ့လင်း~

Ref: It’s as Simple as One,Two,Three… By Richard P.Feynman

photo:google

Comments

Kyaw Nyunt Linn

Hello. I'm an engineering graduate. I mainly focus on physics, chemistry and environmental science. I'm also enthusiastic to be curious about something new and a fan of technology. You can find me on Facebook.