ဒရိတ်ခ် ညီမျှခြင်းဆိုတာကတော့ ဂလက်ဆီတစ်ခုအတွင်းမှာရှိတဲ့ အသိညဏ်မြင့်သက်ရှိအဖွဲ့အစည်းအရေအတွက်ကို ခန့်မှန်းတွက်ချက်တဲ့ ညီမျှခြင်းပဲဖြစ်ပါတယ်။ ဒီမျှခြင်းမှာတော့ variable တွေအများကြီးပါဝင်ပြီး တစ်ခုခြင်းစီကို ခန့်မှန်းတွက်ချက်ပါတယ်။

တစ်ခုခြင်းစီကို ခန့်မှန်းပြီးပြီဆိုရင်တော့ အားလုံးကို မြှောက်လိုက်ရပါတယ်။ ဒီညီမျှခြင်းထဲမှာ ထည့်မယ့် ကိန်းဂဏန်းတွေဟာ ကျွန်တော်တို့ တယ်လီစကုတ်တွေနဲ့ ဂြိုဟ်အသစ်တွေကို တွေ့ရှိနေတာနဲ့ အညီ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ အခုဆိုရင် ဒရိတ်ခ်ညီမျှခြင်းစတင်ပေါ်ကာစအချိန်ထက်ကို ကြယ်ပေါင်းများစွာကို ထပ်မံတွေ့ရှိပြီး ဖြစ်ပါတယ်။ နောက်ဆုံးအချက်အလက်များအရ ကျွန်တော်တို့ နေထိုင်ရာ နဂါးငွေ့တန်းဂလက်ဆီထဲမှာကို ကြယ်ပေါင်း ၄၀၀ ဘီလီယံ ခန့်ရှိမယ်လို့ သိရပါတယ်။

ဒီလိုကြယ်တွေအများကြီးကို လှည့်ပတ်နေတဲ့ ဂြိုဟ်ဘီလီယံထောင်ပေါင်းများစွာထဲမှာ အခြားသက်ရှိများ မရှိနေနိုင်ဘူးလို့ ပြောရမှာတော့ အတော်ခက်ပါတယ်။ တကယ်မရှိဘူးဆိုရင်ကတော့ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် နေရာလွတ်တွေ ဖြစ်နေခြင်းပဲ မဟုတ်ပါလား။

ဒီညီမျှခြင်းမှာ ဆက်သွယ်နိုင်တဲ့သက်ရှိအဖွဲ့အစည်းအရေအတွက်ကို ကိုယ်စားပြုတဲ့ N ရဲ့ ကိန်းဂဏန်းဟာ အလွန်ကို နည်းနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေ အခုထိ တစ်ခုမှ မတွေ့သေးဘူးလေ။ ဒါပေမယ့် စိတ်ရှည်ပါဦး။ ကျွန်တော်တို့ လူသားတွေတောင် အခုလို ဆက်သွယ်လာနိုင်တာ နှစ်ပေါင်း ၁၀၀ စွန်းစွန်းလေးပဲ ရှိပါသေးတယ်။

သူတို့တွေ ဘယ်ရောက်နေတာလဲ။

ဒီညီမျှခြင်းမှာ အရေးအကြီးဆုံး ကိန်းကတော့ နောက်ဆုံးတစ်ခုဖြစ်တဲ့ L ပါပဲ။ သူတို့ ဆစ်ဂ်နယ်တွေ ထုတ်လွှင့်နေတဲ့ အချိန်ကာလပဲဖြစ်ပါတယ်။
ဒီ L က နောက်ဆုံးထွက်လာမယ့် အဖြေ N ကို အများကြီး သက်ရောက်မှုရှိပါတယ်။ ကျွန်တော်တို့ ကမ္ဘာမြေ လူသားတို့ရဲ့ သဘာဝအရတော့ သက်ရှိအဖွဲ့အစည်းများဟာ နည်းပညာများမြင့်မားလာပြီဆိုရင် ပျက်စီးဖို့လမ်းကြောင်းကို ပိုမိုလှမ်းလာတတ်ကြပါတယ်။ အခုလို ဆက်သွယ်နိုင်ပြီး နှစ်အနည်းငယ်အတွင်းမှာတင် ပျက်စီးသွားတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပြီးလောက်ပြီလား။ ကျွန်တော်တို့လဲ အဲ့ဒီလမ်းကြောင်းအတိုင်းပဲ ဖြစ်မလား။ ဒီအဖွဲ့အစည်းတစ်ခုလုံးရဲ့ အနာဂတ်ဟာ လက်တစ်ဆုတ်စာလောက်သာရှိတဲ့ နိုင်ငံရေးသမားတွေရဲ့ လက်ဖြားမှာတင် ရှိနေတာဟာ နည်းနည်းတော့ awkward ဖြစ်ပါတယ်။

SETI ရဲ့ သုတေသီများအရ Great Filter ဟာ ဒီအနာဂတ်ကို ဆုံးဖြစ်ပေးပါတယ်။ (Great Filter အကြောင်းကို ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။) ကျွန်တော်တို့ အခြားသက်ရှိများကို ဘာ့ကြောင့်မတွေ့သေးတာလဲ။ သူတို့ ဘယ်ရောက်နေတာလဲ။
ဒါမှမဟုတ် ဒရိတ်ခ်ညီမျှခြင်းက မပြည့်စုံသေးလို့လား။

Star-Trek ကားထဲကလို အရမ်းအဆင့်မြင့်နေတဲ့ အဖွဲ့အစည်းတွေက တိုးတက်လက်စ အဖွဲ့အစည်းတွေကို နှောက်ယှက်မှုမပြုလုပ်သေးပဲ စောင့်ကြည့်နေတာလား။ ကျွန်တော်တို့က သူတို့လောက် အဆင့်မမှီသေးလို့ စောင့်ကြည့်ခံနေရတာလား။

ဒါမှမဟုတ် သူတို့လဲ ကျွန်တော်တို့လိုမျိုး ရှာဖွေနေတာလား။ စကြဝဠာကြီးဟာ ကျယ်ပြောလွန်းတာကြောင့် ခက်နေတာလား။

ဒါမှမဟုတ် သူတို့သုံးနေတဲ့ ဆက်သွယ်နည်းနဲ့ ကျွန်တော်တို့နည်းနဲ့ မတူတာလား။ ကျွန်တော်တို့က ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ကြပေမယ့် သူတို့က အခြားနည်းတစ်ခုနဲ့ ထောက်လှမ်း ဆက်သွယ်နေတာကြောင့်လား။

ဒါမှမဟုတ် မနက်ဖြန်မှာ သူတို့နဲ့ ဆက်သွယ်နိုင်တော့မလား။

ဒါမှမဟုတ်…….


ဒရိတ်ခ်ညီမျှခြင်းကို အောက်ပါ calculator ကိုသုံးပြီးကိုယ်တိုင် တွက်ချက်ကြည့်နိုင်ပါတယ်။

 

N* = ကျွန်တော်တို့နဂါးငွေတန်းဂလက်ဆီအတွင်းမှာရှိသော ကြယ်အရေးအတွက်:

fp= ထိုကြယ်များတွင် ဂြိုဟ်ပိုင်ဆိုင်နိုင်သော ကြယ်ရာခိုင်နှုန်း:
ne = ဂြိုဟ်ပိုင်ဆိုင်သော ကြယ်များရှိ ပျမ်းမျှ ဂြိုဟ်အရေအတွက်:

fl= ထိုဂြိုဟ်များအတွင်းမှာ သက်ရှိဖြစ်ထွန်းနိုင်သော ဂြိုဟ်ရာခိုင်နှုန်း:

fi= ထိုသက်ရှိဖြစ်ထွန်းသောဂြိုဟ်များမှ အသိညဏ်မြင့်သော သက်ရှိဖြစ်ထွန်းနိုင်ခြေ:

fc = ထိုသက်ရှိများအတွင်းမှ မြင့်မားသော နည်းပညာကို ပိုင်ဆိုင်နိုင်ခြေ:

fL =ထိုနည်းပညာပိုင်ဆိုင်ပြီး အချိန်ကာလ:

 

Nc = ဆက်သွယ်သော အသိညဏ်မြင့် သက်ရှိအဖွဲ့အစည်းအရေအတွက် =

 

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend