၂၀၁၇ ခုနှစ်သြဂုတ် ၂၁ ရက်နေ့မှာတော့ ကြုံတောင့်ကြံုခဲဖြစ်တဲ့ နေအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို ကြံုတွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာကတော့ အဲ့ဒီဖြစ်စဉ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံက မြင်ရမှာမဟုတ်ပါဘူး။ သို့ပေမယ့် အွန်လိုင်းကနေ စောင့်ကြည့်နိုင်အောင်ဖြစ်စေ၊ နေအပြည့်ကြတ်ခြင်းဖြစ်စဉ်အကြောင်းကို ဖတ်ရှုရအောင်ဖြစ်စေ အခုစာကို ရေးသားပါတယ်။

သူကတော့ အမေရိကန်နိုင်ငံမှာ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။ သူ့ရဲ့ အကျယ်အဝန်းဟာ မိုင် ရ၀ ခန့်ရှိပြီးတော့ သူတို့ဘဝမှာ အမှတ်တရဖြစ်စေမယ့် မြင်ကွင်းမျိုးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ နေအပြည့်ကြတ်ခြင်းဖြစ်စဉ်ရဲ့ အသေးစိတ်အချက်အလက်များကိုတော့ အခုလို ကျွန်တော်တို့ Curiosity က တင်ဆက်ပေးလိုက်ပါတယ်။

မှတ်ချက် : နေအပြည့်ကြတ်ခြင်းဖြစ်စဉ်မှာ လဟာ နေကို အပြည့်ဖုံးအုပ်သွားတာကြောင့် သာမန်မျက်လုံးနဲ့ အလွတ်ကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် ရိုးရိုးနေကြတ်ခြင်းဖြစ်စဉ်တွေမှာတော့ ဒီတိုင်းမကြည့်သင့်ပါဘူး။ ရေပြင်အရိပ်ကနေဖြစ်စေ၊ filter များဖြင့်ဖြစ်စေ ကြည့်ရှုရပါတယ်။

နေကြတ်ခြင်းဆိုတာဘာလဲ

တိုက်တိုက်ဆိုင်ဆိုင်ပဲ လနဲ့နေရဲ့ မျက်နှာပြင် ဧရိယာအချိုးဟာ သူတို့ရဲ့ ကမ္ဘာဆီကအကွာအဝေးအချိုးနဲ့ ထပ်တူကျပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်က ကြည့်ရင် သူတို့ကို အရွယ်အတူတူနေနဲ့သာ တွေ့ရပါတယ်။ နေအပြည့်ကြတ်ခြင်းဖြစ်စဉ်မှာ လက ကွက်တိဆိုသလိုပဲ နေကို အပြည့်ဖုံးအုပ်လိုက်ပါတယ်။ ဒီလိုဖြစ်စဉ်ဟာ ၁၈ လကြာမှသာ တစ်ခါဖြစ်တတ်ပါတယ်။ ကျန်တဲ့အချိန်များမှာတော့ လဟာ နေနဲ့ကမ္ဘာကြားကို ဝင်လာတတ်တာကြောင့် သာမန်တစ်ပိုင်းတစ်စ နေကြတ်ခြင်းဟာ နှစ်တစ်နှစ်မှာ ၂ ခါကနေ ၅ခါ အထိဖြစ်နိုင်ပေမယ့် အခုလို တည့်တည့်ကနေ ဖြတ်သန်းသွားဖို့ဆိုတာကတော့ ၁၈ လကြာမှသာ တစ်ခါဖြစ်တတ်ပါတယ်။

နေအပြည့်ကြတ်ရင် ဘာတွေမြင်ရမလဲ

နေအပြည့်ကြတ်တဲ့အချိန်မှာ လဟာ နေရဲ့ ငွေရောင်ရောင်ခြည်အလွှာဖြစ်တဲ့ ကိုရိုးနား လေထုလွှာကို ဖုံးအုပ်လိုက်ပါတယ်။ ဒီလိုအချိန်မှာ လရဲ့ အရိပ်အောက်ကို ကျရောက်သွားတဲ့ နေရာမှာ ချက်ချင်းဆိုသလို ညနေခင်းနေဝင်တဲ့ အချိန်လိုဖြစ်သွားပါတယ်။ နေခင်းကြောင်တောင်ကြီးမှာ ရုတ်တရတ်ကြီးမှောင်ကျသွားတဲ့ မြင်ကွင်းမျိုးဟာ လူတိုင်းကို အံ့အားသင့်စေပါတယ်။

(ရှေးယခင်က လူမျိုးများဟာ နေကို ဘုရားတစ်ခုအနေနဲ့ ကိုးကွယ်လေ့ရှိပါတယ်။ နေအပြည့်ကြတ်ခြင်းဖြစ်စဉ်တွေဖြစ်ပြီဆိုရင် ဘုရားသခင်က အမျက်တော်ရှတဲ့အတွက် မျက်ကွယ်ပြုတာလို့ ယူဆလေ့ရှိပါတယ်။ သူတို့လူမျိုးများကြားမှာ အပြစ်လုပ်တဲ့လူကို လိုက်ရှာပါတယ်။ ဘေးပတ်ဝန်းကျင် တိုင်းပြည်၊ ရွာငယ်လေးများက လူတွေကို ဖမ်းစီးပြီး ယစ်ပူဇော်ကာ တောင်းပန်ကြပါတယ်။ ရှေ့က ဖုံးအုပ်လာတဲ့ လမင်းကြီးကို မြန်မြန်ဖယ်ပေးအောင် အော်ဟစ်ခြောက်လှန့်လေ့ရှိပါတယ်။ နောက်ပိုင်းတော့ သူတို့ဘာမှမလုပ်လဲ သူ့အလိုလို ပြန်လင်းလာတယ်ဆိုတာကို သိရှိလာကြပါတယ်။)

၂၀၁၇ နေအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို ဘယ်မှာ မြင်ရမလဲ

ဒီဖြစ်စဉ်ဟာ မိုင် ရ၀ ခန့်ကျယ်ဝန်းပြီး အမေရိကန်နိုင်ငံအတွင်းက ဒေသအများအပြားကို ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ သူဖြတ်သန်းသွားမယ့်လမ်းကြောင်းကိုတော့ ပို့စ်ရဲ့ နောက်ဆုံးမှာ မြေပုံနဲ့ countdown နဲ့ ပြည့်ပြည့်စုံစုံဖော်ပြပေးထားပါတယ်။ ထို့အတူ NASA ရဲ့ official website ပေါ်မှာလဲ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ (ဤနေရာကို နှိပ်ပါ)

ဘယ်လောက်ကြာကြာဖြစ်မလဲ

ဒါကတော့ နေရာအသီးသီးအပေါ်မှာ မူတည်ပြီးတော့ ကွဲပြားပါတယ်။ လရဲ့ ဟာ နေကိုဖုံးအုပ်ပြီး ဖြတ်သန်းသွားမယ့်အချိန်ဟာ ပျမ်းမျှအားဖြင့် ၂ မိနစ်နဲ့ စက္ကန့် ၄၀ ကြာမြင့်ပါတယ်။ တစ်ချို့သော နေကြတ်ခြင်းရူးသွပ်သူ hardcore skywatcher များက ဒေါ်လာမြောက်များစွာအကုန်ခံပြီးတော့ လေယာဉ်နဲ့ သူ့လမ်းကြောင်းကို လိုက်ကာ နာရီချီပြီး ကြည့်ရှုကြမယ်လို့လဲ သိရပါတယ်။

အဆိုပါနေ့မှာ Live video feed ကို နာဆာကလွှင့်တင်ပေးမယ်ဆိုရင်လဲ ကျွန်တော်တို့ရဲ့ FB page မှာ live ပြနိုင်အောင် ကြိုးစားပေးပါ့မယ်။ ကျွန်တော်တို့ကတော့ နည်းနည်းကံဆိုးပါတယ်။ အနီးဆုံးအနေနဲ့ ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာမှ မြန်မာပြည်မှာ ကြံုတွေ့ဖို့ရှိပါတယ်။ ဒါဟာလဲ ကျွန်တော်တို့ ရန်ကုန်၊ အညာဘက်မှာ မဖြစ်နိုင်ပဲ မြန်မာပြည်အထက်ပိုင်း ကချင်၊ ချင်းပြည်နယ်များမှာသာဖြစ်ပါလိမ့်မယ်။

မြန်မာပြည်မှ ၂၀၂၀ တွင် မြင်နိုင်ခြေရှိသော နေအပြည့်ကြတ်ခြင်းဖြစ်စဉ်

အောက်ကတော့ ၂၀၁၇ နေအပြည့်ကြတ်ခြင်းရဲ့ Countdown နဲ့ မြေပုံပဲဖြစ်ပါတယ်။

 

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend