လေထဲမှ ရေများ

ဒီနှစ်အစောပိုင်းမှာ နာဆာ က Trappist-1 ဆိုတဲ့ နေအဖွဲ့အစည်းကို တွေ့ရှိခဲ့ပြီး သူတို့အထဲမှာ သက်ရှိများ ဖြစ်ထွန်းနိုင်ခြေရှိတယ်လို့ ကြေငြာခဲ့ပါတယ်။ အခုဆိုရင်တော့ နာဆာတင်မဟုတ်တော့ပဲ နိုင်ငံတကာက သိပ္ပံပညာရှင်အဖွဲ့များကပါ ထိုနေအဖွဲ့အစည်းအတွင်းက ဂြိုဟ်များအပေါ်မှာ ရေများရှိနိုင်တယ်ဆိုတဲ့ သက်သေကို တွေ့ရှိခဲ့ပါတယ်။

Observatoire de l’Université de Genève က ဆွစ်ဇာလန်လူမျိုး နက္ခတ်ဗေဒပညာရှင် ဗင်းဆင့်ဘိုရီယာ ဦးဆောင်တဲ့ အဖွဲ့က ဟက်ဘယ်တယ်လီစကုတ်အပေါ်မှာရှိတဲ့ Space Telescope Imaging Spectograph (STIS) ကိုအသုံးပြုပြီးတော့ အဲ့ဒီဂြိုဟ်တွေရဲ့ ခရမ်းလွန်ရောင်ခြည်အခြေအနေများကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။ ဒီလိုဆိုရင် ဂြိုဟ်တွေရဲ့ လေထုအခြေအနေကိုပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။

“ခရမ်းလွန်ရောင်ခြည်ဟာ ဂြိုဟ်များရဲ့ လေထုအတွင်းအတွက် အလွန်အရေးပါတဲ့ factor တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လေထုအတွင်းမှာ ဆိုရင် ခရမ်းလွန်ရောင်ခြည်က မော်လီကျူးများကို ခွဲခြမ်းနိုင်ပါတယ်။ အဆိုပါ exoplanet တွေမှာလဲ သူတို့အထဲမှာရှိတဲ့ ရေငွေ့များရဲ့ ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်များကို ခွဲခြမ်းပစ်နိုင်ပါတယ်။” လို့ ဘိုရီယာက ပြောကြားခဲ့ပါတယ်

STIS ကိုအသုံးပြုပြီးတော့ ကြည့်ရှုရာမှာ ထိုဂြိုဟ်များရဲ့ လေထုထဲက ရုန်းထွက်လာတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို တွေ့မြင်ရပြီး ယင်းတို့ဆီမှာ ရေငွေ့များရှိနိုင်ခြေရှိတယ်လို့ သုံးသပ်ရပါတယ်။

အခုတွေ့ရှိချက်မှာဆိုရင်လဲ အဲ့ဒီအဖွဲ့အစည်းအတွင်းက အတွင်းဖက်ဆုံးမှာရှိတဲ့ ဂြိုဟ်နှစ်လုံးဖြစ်တဲ့ Trappist-1b နဲ့ Trappist-1c တို့နှစ်ခုပေါင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ ဘီလီယံအတွင်းမှာ ကမ္ဘာပေါ်က သမုဒ္ဒရာအားလုံးပေါင်းရဲ့ အဆ ၂၀ ရှိတဲ့ ရေပမာဏကို ဆုံးရှုံးပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပါမယ့် တစ်ခြားအပြင်ဘက်ကဂြိုဟ်တွေဖြစ်တဲ့ Trappist-1e ၊ Trappist-1f နဲ့ Trappist 1g တို့မှာဆိုရင် သူတို့ထက် ရေဆုံးရှုံးနိုင်ခြေနည်းပြီးတော့ သူတို့မျက်နှာပြင်ပေါ်မှာ ရေတွေရှိနေနိုင်သေးတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေပါတယ်။
အခုလို သူတို့ဆီမှာ ရေများ များပြားစွာရှိနေနိုင်ပေမယ့်လဲ သူတို့အပေါ်မှာ သက်ရှိတွေဖြစ်ထွန်းနေနိုင်တယ်လို့ တပ်အပ်ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဆိုလာဖလဲ များနဲ့ အခြား radiation တွေကြောင့် သက်ရှိများဖြစ်ထွန်းနိုင်ဖို့ ခက်ခဲ့ပါသေးတယ်။

အခု သုတေသီအဖွဲ့ဟာ ဒီအဖွဲ့အစည်းအပေါ်မှာ ပိုမိုပြီး ဆန်းစစ်သွားမှာဖြစ်ပြီး သူတို့ရဲ့ ဖြစ်တည်မှုသဘာဝများကို ပြည့်ပြည့်စုံစုံသိရှိသွားအောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ သူတို့အပေါ်မှာ သက်ရှိများရှိမရှိကတော့ မကြာခင်မှာ သိနိုင်မယ်လို့ ထင်ပါတယ်။

References: Space Telescope, Hubble

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend