Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

ကျွန်တော်တို့ မကြာခဏ အွန်လိုင်းပေါ်မှာ ဖတ်ရှုရပါတယ်။ ညဏ်ကြီးရှင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမယ်၊ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ မနက်ဆို ဘယ်အချိန်ထပြီး ဘာတွေ လုပ်ရမယ် စသဖြင့် ဖတ်ရှုရပါတယ်။ ကျွန်တော်တို့တွေ အိုင်းစတိုင်းလို သိပ္ပံပညာရှင်၊ မိုးဇတ် နဲ့ ဗန်ဂိုးတို့လို အနုပညာရှင်၊ စတိဗ်ဂျော့ နဲ့ ဘီလ်ဂိတ်စ်တို့လို ဘီလျံနာများ ဖြစ်လာအောင် လေ့ကြည့်ယူလို့ ရပါသလား။ ဘီလျံနာတစ်ယောက်ဖြစ်ဖို့ကတော့ ပါးနပ်စွာ ကြိုးစားမယ်ဆိုရင် ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် နေရာဒေသ၊ အချိန်အခါလဲ ကွာသေးတာကို သတိပြုပါ။ အရှေ့က အိုင်းစတိုင်းလို သိပ္ပံပညာရှင်၊ မိုးဇတ်တို့လို ဂီတဂူရုများဖြစ်ဖို့ကတော့ လေ့ကျင့်ယူလို့ မရပါဘူး။ ဘာလို့လဲဆိုတာတော့ စစ်တမ်းပေါင်းစုံက ပြောထားလို့ပါ။

ကျွန်တော်တို့ အထူးသဖြင့် မြန်မာပြည်က သတင်းမီဒီယာများ မကြာခဏရေးတာကို ဖတ်ရလေ့ရှိပါတယ်။ ညဏ်ကြီးရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုပြုမူနေထိုင်ရမလဲပေါ့။ အောင်မြင်တဲ့ စီအီးအိုတစ်ယောက်ဖြစ်ဖို့ တစ်ပတ်ကို စာအုပ်ဘယ်နှအုပ်ဖတ်ရမလဲပေါ့။ တကယ်တော့ အဲ့ဒါတွေက bullsh*t တွေပဲဖြစ်ပါတယ်။ genius ဆိုတာဟာ talent (ပါရမီ)တစ်ခုသာဖြစ်ပြီး သင်ယူလို့ မရ၊ လေ့လာလို့ မရတဲ့အရာဆိုတာကို စစ်တမ်းတော်တော်များများကော၊ ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်များကပါ ပြောကြားပြီး ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က Dean Keith Simonton ဦးစီးပြီး ပြုလုပ်ခဲ့တဲ့ စစ်တမ်းအပေါ်မှာ မူတည်ပြီး ရေးသားထားတဲ့ Genius 101: Creators, Leaders, and Prodigies စာအုပ်ထဲမှာဆိုရင် genius တစ်ယောက်ဖြစ်ဖို့အတွက် ဘာလိုအပ်ချက်မှလဲ မရှိသလို သင်ယူလို့လဲ မဖြစ်နိုင်ဘူးဆိုတာကို တွေ့ရပါတယ်။

ကျောင်းသားပေါင်း ၉၀၀ အပေါ်မှာ လေ့လာရာမှာ ကျောင်းသားအချို့ဟာ အနည်းငယ်သာ ကြိုးစားပေမယ့် တစ်နေရာရာမှာ သူတို့ထက် အဆများစွာ ကြိုးပမ်းသူတို့ထက် သာလွန်တဲ့ အရည်အချင်းများ ရှိနေတာကို တွေ့ရပါတယ်။ genius ဟုတ်မဟုတ်ဆိုတာကို အနီးစပ်ဆုံး ဘာနဲ့ တိုုင်းတာလေ့ ရှိသလဲဆိုတော့ IQ စစ်ပြီး တိုင်းတာလေ့ ရှိပါတယ်။ ဒါပေမယ့်လဲ IQ စစ်တမ်းများဟာ တစ်ခုနဲ့တစ်ခု ကွဲပြားနေတာကြောင့် အနီးစပ်ဆုံးသာ သိနိုင်ပြီး အတိအကျ မှန်မယ်လို့တော့ ပြောလို့မရပါဘူး။

၂၀၀၂ ခုနှစ်က Simonton လုပ်ခဲ့တဲ့ သုတေသီထဲမှာ သမိုင်းတစ်လျှောက်က IQ စစ်ဖူးပြီး အောင်မြင်တဲ့ သိပ္ပံပညာရှင် ၁၅၀ ရဲ့ IQ များဟာ အနည်းဆုံး ၁၀၀ ကနေစပြီး ပျဉ်းမျှ ၁၅၀ ရှိနေတာကို တွေ့ရပါဘူး။ ဒီ IQ ဆိုတာဟာ မျိုးရိုးဗီဇနဲ့ ၈၀ ရာခိုင်နှုန်းသက်ဆိုင်တယ်ဆိုတာကိုလဲ ဇီဝဗေဒနည်းအရ သက်သေပြပြီး ဖြစ်ပါတယ်။

Chess သမိုင်းမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့ Bobby Fisher ဟာ ပထမဆုံး Grandmaster ကို အနိုင်ယူတုန်းက အသက် ၁၆ နှစ်သာရှိခဲ့ပြီး သူအနိုင်ယူခဲ့တဲ့သူ ကြိုးစားမှု၊ Chess ကစားထားသော နာရီအရည်အတွက်ရဲ့ ၁၀ ပုံ ၁ ပုံတောင် မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပါရမီကြောင့် အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ သိထားရမှာလဲ Genius ဖြစ်တာနဲ့ ဘဝမှာ အောင်မြင်တာနဲ့ဟာလဲ တိုက်ရိုက် အချိုးမကျပါဘူး။ မိုးဇတ်ဟာ ဂီတမှာ ပါရမီ အရမ်းထူးသူဖြစ်ခဲ့ပေမယ့် သာမန်ကြိုးစားသွားသူ ဆယ်လီယာရီ နှိပ်ကွက်တာကို ခံခဲ့ရပြီး သေဆုံးချိန်မှာ ကြွယ်ဝမှုများ တစ်ခုမှမရှိပဲ လူမသိသူမသိ သေသွားရပါတယ်။

မိုးဇတ် နှင့် ဆီလီယာရီ

ဒီလိုအချိန်မှာ မေးခွန်းထုတ်လို့ရတာက ကျွန်တော်တို့ စတိဗ်ဂျော့တို့၊ ဂျက်မ တို့အောင်မြင်တဲ့အတွက် သူတို့လို လုပ်ရင် ကျွန်တော်တို့ကော သူတို့လို ဖြစ်နိုင်မလားဆိုတာပါပဲ။ ဒါဟာလဲ တက်တက်စင်အောင် လွဲပါတယ်။ ဂျက်မဟာ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ခေတ်ဦးမှာ အွန်လိုင်းထရိတ်ဒင်း စီးပွားရေးကို စလုပ်ခဲ့ပါတယ်။ စတိဗ်ဂျော့ဟာ Silicon Valley မှာ ကြီးပြင်းပြီး ကွန်ပျူတာခေတ်ဦးမှာ ထောက်ပံ့မှု ကောင်းကောင်းရခဲ့ပါတယ်။ ဇူကာဘက်ဟာ လူမှုကွန်ယက်များ ခေတ်ဦးမှာ Facebook ကို ဟားဗက် တက္ကသိုလ်ကနေ စတင်ခဲ့ပါတယ်။

တစ်ခါတစ်ရံမှာ အဆိုပါ အောင်မြင်မှုစာများ၊ စိတ်ဓာတ်မြှင့်တင်ရေး တက်ကြမ်းများဟာ အဆိတ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ စာမေးပွဲကျလိုက်တယ်ဆိုပါစို့။ ဒါဆိုရင် ဘီလ်ဂိတ်စ်တောင် ကျသေးတာပဲ ဆိုပြီးတော့ အလွယ်တွေးပြီး comfort zone ထဲ ဝင်သွားတတ်ပါတယ်။ ကျောင်းက ထွက်ရပြီဆိုရင်လဲ ဇူကာဘက်တောင် ထွက်ရသေးတယ်ဆိုပြီး ဖြည့်တွေးပါတယ်။ အလုပ်လျှောက်တာ မရဘူး၊ အလုပ်ပြုတ်ပြီဆိုရင်လဲ ဂျက်မ တောင် ဒီလိုဖြစ်ဖူးသေးတာဆိုပြီး သွားတွေးတတ်ပါတယ်။

ဒီလို စာမျိုးတွေ့ရင် တန်းသာ ကျော်သွားပါ

ဒီတော့ အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် Genius တစ်ယောက်ဖြစ်ဖို့အတွက် နည်းလမ်းမရှိပါဘူး။ သင်ယူလို့ မရပါဘူး။ အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ဖို့လဲ ဖော်မြူလာမရှိပါဘူး။ ပုံသေနည်း မရှိပါဘူး။ ကျွန်တေ်ာတို့ဟာ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးတော့ပဲ တစ်ခုခု ဖြစ်မြောက်အောင် လုပ်နိုင်ပါတယ်။ အဲ့တော့ နောက်ခါ ခုနကလို တက်ကြမ်းများ၊ တိကျတဲ့ စစ်တမ်းများကရထားတာမဟုတ်တဲ့ နည်းလမ်းများ ဆိုရင်တော့ ခေါင်းစဉ်တွေ့တာနဲ့ မဖတ်တော့ပဲ ကျော်သွားသင့်ပါတယ်။

Comments