Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

သီအိုရီအသစ်တစ်ခုဟာ သက်တမ်းရှည်ကြာလှပြီဖြစ်တဲ့ ရူပဗေဒရဲ့ ဆန်းကြယ်မှုကို အဆုံးသတ်တော့မလား။ မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ astrophysical မော်ဒယ်တစ်ခုက မတူညီကွဲပြားတဲ့ စွမ်းအင်မြင့်မားတဲ့ cosmic messenger particles များဟာ တစ်ခုတည်းသော သဘောတရားကနေ စတင်ခဲ့တယ်လို့ အကြံပြုထားပါတယ်။

ဒီအမှုန်သုံးမျိုးရဲ့ အမည်များဟာ ultrahigh-energy cosmic rays၊ very high-energy neutrinos နဲ့ high-energy gamma rays တို့ပဲဖြစ်ပါတယ်။ သူတို့အားလုံးဟာ အလွန်အင်မတန်ကြီးမားတဲ့ တွင်းနက်တစ်ခုရဲ့ ပေါက်ကွဲမှုကနေတစ်ဆင့် မြစ်ဖျားခံပြီးတော့ အာကာသအတွင်းကို ဝင်ရောက်ခဲ့တဲ့ အမှုန်များဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမော်ဒယ်ဟာ သူ့နယ်ပယ်အတွက်ဆို ပထမဆုံးလို့ဆိုရမယ့် astrophysical မော်ဒယ်တစ်ခုပဲဖြစ်ပါတယ်။ ဒီမော်ဒယ်ကို Nature Physics မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး အခုဆိုရင် သိပ္ပံပညာရှင်များအတွက် ကစားစရာ လေ့လာစရာ တစ်ခုရသွားပါပြီ။ သူတို့ ဆက်ပြီး လေ့လာကြတော့မှာဖြစ်ပါတယ်။

ကြီးမားသော တွင်းနက်မှ ထုတ်လွှင့်လိုက်သည့် cosmic rays မှ ဖြာထွက်လိုက်သော multi-messenger အား သရုပ်ဖော်ပုံ

ဒီမော်ဒယ်ဟာ ဘာ့ကြောင့် အချို့သော အမှုန်များဟာ အလွန်ကြီးမားတဲ့ စွမ်းအင်များကို ပိုင်ဆိုင်နေပြီး စကြဝဠာအတွင်း နေရာပေါင်းစုံမှာ ရှိနေရသလဲဆိုတာကို ပြောပြပေးနိုင်ပါလိမ့်မယ်။

သာမန် နျူထရီနိုများကို ထောက်လှမ်းရတာ အလွန်ခက်ခဲ့ပါတယ်။ ဒါပေမယ့် Very High-energy neutrinos (စွမ်းအင်မြင့်တဲ့ နျူထရီနိုများ)ဟာတော့ အန္တာတိကတိုက်မှာတည်ရှိတဲ့ IceCube Neutrino Observatory ကနေ အလွယ်တကူ ထောက်လှမ်းနိုင်ပါတယ်။ high-energy gamma rays (စွမ်းအင်မြင့်မားတဲ့ ဂမ်မာရောင်ခြည်များ)ဟာ လက်ရှိသိထားသမျှထဲမှာ အမြင့်ဆုံး လျှပ်စစ်သံလိုက်စွမ်းအင်ရှိပါတယ်။ Ultrahigh-energy cosmic rays များကတော့ များသောအားဖြင့် အက်တမ်အတွင်းက နျူကလိယပ်စ်များသာဖြစ်ပြီး သူတို့ဟာ အလင်းအလျင်နီးပါးနဲ့ သွားလာလေ့ရှိပါတယ်။

အခုဒီ အမှုန်များကို multi-messenger approach နည်းနဲ့ ချည်းကပ်ပြီးတော့ သချင်္ာနည်းနဲ့ ဖြေရှင်းနိုင်တယ်လို့ မယ်ရီလန်းက သုတေသီအဖွဲ့က ပြောကြားပါတယ်။

ဒီ အမှုန်များအကြောင်းကို သေသေချာချာ သိရှိခြင်းဟာ အရင်က ဖြစ်ခဲ့တဲ့ ရူပဗေဒဆိုင်ရာ နားမလည်မှုအချို့ကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီအမှုန်သုံးခုရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတို့ကို ပေါင်းစပ်ဖြေရှင်းပေးနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီသီအိုရီဟာ ရူပဗေဒနယ်ပယ်အသစ်တစ်ခုဖြစ်တဲ့ multi-messenger astronomy အတွက် ခြေလှမ်းသစ်တစ်ရပ်ဖြစ်တယ်လို့ ယူဆရပါတယ်။

References: Space.comNaturePenn State University

Comments