Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၂ ဘီလီယံကနေ ၂.၃ ဘီလီယံခန့်အထိ ပထဝီပိုင်းဆိုင်ရာမှာ ထူးဆန်းစွာ ဆိတ်ငြိမ်ခဲ့တယ်လို့ စစ်တမ်းတစ်ခုက ဆိုလာပါတယ်။ ဘာ့ကြောင့်လဲဆိုတာကိုတော့ သူတို့ မသိသေးပါဘူး။ ဆိုလိုတာကတော့ အဲ့ဒီအချိန်မှာ ကမ္ဘာကြီးရဲ့ ကျောက်ဆိုင်ကျောက်ခဲများ၊ ပထဝီမြေမျက်နှာပြင်များဟာ ပြောင်းလဲမှုမရှိခဲ့ပဲ ခတ္တခဏ (နှစ်သန်း ရာဂဏန်းကြာကြာ) တည်ငြိမ်ခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ ပထဝီမြေမျက်နှာပြင်နဲ့ ကြားက ကျောက်ချက်လွှာကြီးများ (tectonic plates များ) ဟာ အခုအချိန်မှာလဲ အစဉ်အမြဲပြောင်းလဲနေပြီး အရင်ကလဲအတူတူပဲဖြစ်ပါတယ်။ (ဒါကြောင့်မို့ အာရှဥရောပ နဲ့ အမေရိကတို့ဟာ သမုဒ္ဒရာ ခြားပေမယ့် နှစ်ဖက်စလုံးမှာ လူများ ရှိနေခြင်းဖြစ်ပါတယ်။ တစ်ချိန်က သူတို့က တစ်ဆက်တည်း ရှိခဲ့တယ်လို ဆိုလိုပါတယ်။) ဒီလို ပြောင်းလဲနေတာကြောင့်ပဲ ကမ္ဘာတစ်ဝန်းမှာ သဘာဝသယံဇာတပေါင်းစုံကို တွေ့ပြီး ရရှိနေတာဖြစ်ပါတယ်။

တစ်ချိန်က ကမ္ဘာကြီးရဲ့ ကျောက်ချက်လွှာကြီးများဟာ အပြင်းအထန် သိသိသာသာ လှုပ်ရှားခဲ့ကြပါတယ်။ အဲ့ဒီကာလကို ပလီယိုပရိုတယ်ရိုဇွိုက်(Palaeoproterozoic) လို့ခေါ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၅ ဘီလီယံခန့်က စတင်ပြီး အချိန်ကာလအားဖြင့် ၁ ဘီလီယံနှစ်လောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်တုန်းက သက်ရှိများရဲ့ တည်ရှိမှုဟာ အရမ်းကို ရိုးရှင်းပါတယ်။ (အခုလို complex သတ္တဝါများမဟုတ်သေးပါဘူး။) တစ်ရက်ကိုလဲ နာရီ ၂၀ ခန့်သာ ရှိပါတယ်။ လေထုထဲမှာလဲ အောက်ဆီဂျင်တွေ ဒီထက် များပြားစွာ တည်ရှိပါတယ်။ ပြီးတော့ ကမ္ဘာကြီးရဲ့ supercontinent တစ်ခုဖြစ်တဲ့ Columbia ဟာလဲ စတင်ဖြစ်ပေါ်နေတုန်းပဲ ရှိပါလိမ့်မယ်။

ကမ္ဘာ့ကျောက်ချက်လွှာကြီးများ (စစ်ကိုင်းနားက စစ်ကိုင်းပျက်ရွေ့ကြောကိုလဲ တွေ့မြင်နိုင်ပါတယ်။) credit to Encyclopedia

ဒီလိုဆိုရင် အားလုံးလဲခန့်မှန်းမိမှာပါ။ Geologist များဟာ အဲ့ဒီအချိန်က ကမ္ဘာကြီးနဲ့ အခုရင့်ကျက်ပြီးသား ကမ္ဘာကြီးတို့ကြားက ကွာခြားမှုကို အပြင်းအထန် တွက်ချက်နေကြပါတယ်။

အဲ့ဒီအခါမှာ သွားတွေ့တာက ကမ္ဘာ့မျက်နှာပြင်နဲ့ အတွင်းပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၄၅ ဘီလီယံခန့်က လွန်စွာ ဆိတ်ငြိမ်ခဲ့ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာ မဖြစ်တည်ခဲ့ပါဘူး။ ပြီးတော့ အဲ့ဒီကာလဟာလဲ အချိန်အားဖြင့် နှစ်ပေါင်း သန်း ၂၅၀ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လဲ ဒီတွေ့ရှိမှုကို အချို့က သာမန်မျှသာ မှတ်ယူပြီး ပလီယိုပရိုတယ်ရိုဇွိုက် ကာလရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာလို့ ပြောကြားကြပါတယ်။

ဒါပေမယ့်လဲ ကာတင် တက္ကသိုလ်က ရရှိလာတဲ့ အချက်အလက်များအရ ယင်းဖြစ်စဉ်ဟာ တစ်ကယ်ဖြစ်ခဲ့ပြီး သေချာလေ့လာရမယ့် ဖြစ်စဉ်တစ်ရပ်ဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။ သူတို့ဟာ နောက် သြစတြေးသျ၊ တရုတ်၊ ကနေဒါမြောက်ပိုင်းနဲ့ အာဖရိကတောင်ပိုင်းတို့က ရရှိထားတဲ့ ကျောက်သားနမူနာများကို လေ့လာပြီးတော့ ဒီဖြစ်ရပ်ကို ထောက်ခံခဲ့တာပဲဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ မျက်နှာပြင်အမူအရာများဟာ ပြီးခဲ့တဲ့ နှစ် ဘီလီယံခန့်က လွန်စွာကို ပူပြင်းခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုများလဲ နေရာအနှံ့မှာ ဖြစ်ပျက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကပဲ အဲ့ဒီ ပေါက်ကွဲမှုများကို တည်ငြိမ်စေခဲ့သလား၊ ကမ္ဘာ့မျက်နှာပြင်အောက် နက်နက်နဲနဲမှာ တစ်ခုခုပဲ ဖြစ်ပျက်ခဲ့သလားဆိုတာကတော့ ဘယ်သူမှ မသိသေးဘူးဖြစ်ပါတယ်။

သူတို့ရဲ့ တွေ့ရှိမှုများအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၄၅ ဘီလီယံခန့်က ကျောက်ချက်လွှာကြီးများ ရွေ့လျားမှု တစ်စုံတစ်ရာမရှိခဲ့ပဲနဲ့ မီးတောင်များဟာလဲ အတော်အတန် ငြိမ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီးဟာ ခတ္တခဏ အနားယူခဲ့တာလား။ ဘာ့ကြောင့်လဲ။ အဲ့ဒါရဲ့ အကျိုးဆက်က အခု လက်တွေ့ကမ္ဘာရဲ့ အခြေအနေ (သက်ရှိ၊ မျက်နှာပြင် နဲ့ အခြား) ကို ဦးတည်ခဲ့တာလား။ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။

ဒီစာတမ်းကို Nature Geoscience မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

Comments