Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

ကျွန်တော်တို့ ခေတ်သစ်လူသားများကို Homo sapiens လို့ခေါ်ပြီးတော့ အခုမြင်နေရတဲ့ နောက်ဆုံးပုံစံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းခန့်က စတင်ခဲ့ပါတယ်။

ဒါပေမယ့် အခုမြင်နေရတဲ့ ကျွန်တော်တို့လူသားတွေရဲ့ ဦးနှောက်ဟာ ပိုလို့ ထူးခြားနေပါသေးတယ်။ အခုလူများရဲ့ ဦးခေါင်းခွံများဟာ ပိုမိုလုံးဝိုင်းလာပါတယ်။ မျက်နှာများ သေးငယ်လာပါတယ်။ ပြီးတော့ ဦးခေါင်းခွံအတွင်းကို အနည်းငယ် ဝင်လာပါတယ်။ ဒီပုံစံများဟာ ကျွန်တော်တို့အရင် နှစ်ပေါင်း တစ်သိန်းအလွန်က နေထိုင်ခဲ့တဲ့ ရှေးမျိုးဆက်များ(ancestors) တို့နဲ့ မတူပါဘူး။

အခုဆိုရင်တော့ သိပ္ပံပညာရှင်များဟာ ပထမဆုံးအကြိမ်အဖြစ် ဒီဦးခေါင်းခွံများဟာ အခုလိုမျိုး ဘယ်အချိန်မှာ ပြောင်းလဲဖြစ်ထွန်းခဲ့သလဲဆိုတာကို ထောက်လှမ်းမိပြီပဲဖြစ်ပါတယ်။

Credit to Simon Neubauer, Philipp Gunz, MPI EVA Leipzig

အပေါ်က ပုံမှာဆိုရင် အပြာရောင်ဦးနှောက်ဟာ အခုလက်ရှိလူသားများရဲ့ ဦးနှောက်ပုံဖြစ်ပါတယ်။ အနီရောင်ကတော့ အစောဆုံး Homo sapiens များဖြစ်သူ Neanderthals တို့ရဲ့ ဦးခေါင်းခွံအတွင်းက ဦးနှောက်ဖြစ်ပြီး အနည်းငယ် ရှည်လျားနေတာကို တွေ့နိုင်ပါတယ်။

ဂျာမနီနိုင်ငံ Max Planck Institute for Evolutionary Anthropology က သုတေသနအဖွဲ့က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Science Advance ဂျာနယ်မှာ သူတို့ရဲ့ သုတေသနတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ ခေတ်သစ်လူသားတို့ရဲ့ ဦးခေါင်းခွံနဲ့ ဦးနှောက်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးသောင်း ခန့်ကသာ စတင်ဖွံ့ဖြိုးလာခဲ့တယ်လို့ဆိုပါတယ်။

ကျွန်တော်တို့ ရှေးမျိုးဆက်များရဲ့ ဦးနှောက်များနဲ့ယှဉ်ရင် ကျွန်တော်တို့ဦးနှောက်ဟာ ပိုမိုကြီးထားလာပြီး ပိုမိုဝိုင်းဝန်းတဲ့ ဦးနှောက်အနောက်ပိုင်း (cerebellum) ကို ပိုင်ဆိုင်တာ တွေ့ရပါတယ်။

ပြီးတော့ ကျွန်တော်တို့ဟာ ပိုမိုဝိုင်းဝန်းပြီး ကြီးမားတဲ့ parietal lobe (အာရုံစူးစိုက်ခြင်းနှင့် စီမံခြင်းတို့အား အထောက်အပံ့ပေးသော ဦးနှောက်အပိုင်း) လဲ ရှိလာပါတယ်။ ပြီးတော့ မျက်နှာများဟာလဲ အနည်းငယ် ကျုံ့ဝင်လာတာကို တွေ့ရပါတယ်။

ဦးနှောက်ဘေးနံရံများဟာ ပိုမိုပြီးတော့ မျဉ်းပြိုင်ဆန်ဆန်အနေအထားဖြစ်လာပြီး အရှေ့ပိုင်းနေရာဟာ ပိုမိုမြင့်လာပါတယ်။ အနောက်ပိုင်းကတော့ ပိုမိုလုံးဝန်းလာတာကိုလဲ တွေ့နိုင်ပါတယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးသောင်းခန့်က စတင်ဖြစ်ပေါ်ပြောင်းလဲလာတာ ဖြစ်ပါတယ်။

ပိုပြီးတော့ မှတ်သားဖွယ်ကောင်းတဲ့ အချက်က ဒီ ဦးနှောက်ပုံသဏ္ဌာန်ပြောင်းလဲမှုနဲ့အတူတူ အခြား ခေတ်သစ်အမူအရာများ ဥပမာ လက်နက်များ ချွန်ခြင်း(ပြုလုပ်ခြင်း)၊ အစီအစဉ်ချခြင်း၊ မိမိကိုယ်ကိုယ်ပိုမို ဂရုစိုက်ခြင်း၊ ဘာသာစကားနဲ့ ရေးဆွဲခြင်းတို့ ဖြစ်ထွန်းလာတာပဲဖြစ်ပါတယ်။

တစ်ခြားနည်းနဲ့ပြောရမယ်ဆိုရင်တော့ လူတွေရဲ့ တစ်ခေတ်ပြောင်းလဲမှု (human revolution) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးသောင်း ခန့်က စတင် ဖြစ်ပေါ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ပုံပြောင်းလာတဲ့ ဦးခေါင်းခွံနဲ့ ဦးနှောက်များဟာ လူသားတို့ရဲ့ နေထိုင်ဖြစ်တည်မှုကို တစ်ခေတ်ဆန်းသွားစေခဲ့ခြင်းပဲဖြစ်ပါတယ်။

အခုလူတို့ရဲ့ အခြေအနေ၊ စဉ်းစားတွေးခေါ်ပုံ၊ နေထိုင်ပုံတို့ဟာ တစ်ညတည်းအတွင်းဖြစ်လာခြင်းမဟုတ်ပဲ နှစ်ပေါင်းသောင်းချီတဲ့ အချိန်အတွင်းမှာ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခြင်းပဲ ဖြစ်ပါတယ်။

သုတေသီများက 3D-scanning နည်းကို အသုံးပြုပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀,၀၀၀ နေ ၁၀,၀၀၀ အတွင်းမှာ ဖြစ်တည်ခဲ့တဲ့ Homo sapiens ဦးခေါင်းခွံများကို လေ့လာရင်း ဒီအချက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိလူသားတို့ရဲ့အခြေအနေများဟာ ပိုမိုလုံးဝိုင်းတဲ့ ဦးနှောက်များမရှိရင် မဖြစ်နိုင်လာနိုင်ဘူးလို့ ပြောနိုင်ပါတယ်။

Ref : Business Insider, Science Advances

Comments