Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

အခုဆိုရင် ဟိုတစ်လောက ထူးထူးခြားခြားတွေ့ရှိလိုက်တဲ့ သွေးစစ်နည်းအသစ်တစ်ရပ်ဟာ နောက် နှစ် ၃၀ ကြာရင် အယ်ဇိုင်းမားဖြစ်နိုင်မလား မဖြစ်ဘူးလားဆိုတာကို ပြောနိုင်တော့မယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားကြပါတယ်။ ဒီလိုဆိုရင် မဖြစ်ခင်ကတည်းက လူနာအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုများ ကုသမှုများပေးနိုင်မှာ ဖြစ်တာကြောင့် ဒီစမ်းသပ်မှုဟာ လူနာတို့ရဲ့ လူမှုဘဝအခြေအနေကို ကောင်းမွန်အောင် အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ ထင်နေကြပါတယ်။

အခုတွေ့ရှိချက်များအရ amyloid beta (Aβ) ရဲ့ deposit (plaques)များဟာ အယ်ဇိုင်းမားရောဂါကို အဖြေရှာခြင်းရဲ့ အဓိက indicator တစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လဲ ဒီအပြား(plaques) များကို ထောက်လှမ်းဖို့ဟာ အင်မတန် ခက်ခဲ့ပါတယ်။ တကယ်တော့ ဒီအပြားကို သွေးစစ်ရုံသပ်သပ် ထောက်လှမ်းမှု မလုပ်နိုင်ဘူးလို့ အရင်က တွေးထင်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ “သေးငယ်တဲ့ သွေးနမူနာကတစ်ဆင့် သူတို့ရဲ့ ပါဝင်မှုဟာ အရမ်းနည်းနေရင်တောင် ကျွန်တော်တို့တွေ့ရှိလိုက်တဲ့ နည်းဟာ amyloid-related proteins များကို တိုင်းတာနိုင်ပါပြီ” လို့ ဂျပန်နိုင်ငံ ရှီမတ်ဇု ကော်ပိုရေးရှင်းက ဒေါက်တာ ကွိုင်ချီ တနာခါ က ပြောကြားပါတယ်။

A simple blood test could reveal that you might develop Alzheimer’s decades into the future. Image Credit: frolicsomepl / pixabay

ဒီစာတမ်းကို Nature မှာ တင်ပြခဲ့တာဖြစ်ပြီး သူတို့ဟာ သြစတြေးသျနဲ့ ဂျပန်လူမျိုး ၃၇၃ ယောက်ဆီက သွေးနမူနာများကို ယူပြီး စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။ amyloid beta နဲ့ ဆက်စပ်မှုရှိနိုင်တဲ့ peptides နဲ့ အမိုင်နိုအက်ဆစ်တို့ကို ရောင်စဉ်တိုင်းနည်းနဲ့ သေသေချာချာ စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ ဒီစမ်းသပ်နည်းကနေပြီးတော့ ၃၇၄ သွေးနမူနာများထဲက ၉၀ ရာခိုင်နှုန်းသော case တို့ထဲမှာ Aβ deposit(အပြား)များကို ခန့်မှန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အခုဆိုရင် အယ်ဇိုင်းမားရောဂါဟာ ဘယ်လိုစဖြစ်တယ်ဆိုတာကို မသိပေမယ့် ဒီ plaques များနဲ့ အခြား tau လို့ ခေါ်တဲ့ ပရိုတိန်းတစ်မျိုးက လူတစ်ယောက်ရဲ့ သက်တမ်းမှာ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်မဖြစ်နိုင်ကို အဆုံးအဖြတ်ပေးတယ်လို့ သိထားကြပါတယ်။

ဒီပရိုတိန်းများဟာ လူနာရဲ့သွေးထဲမှာ အယ်ဇိုင်းမားမဖြစ်ခင် အနှစ် ၃၀ လောက်က စလို့ ဖြစ်တည်လာကြတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ဒီပရိုတိန်းများကို ထောက်လှမ်းမိခြင်းဟာ အယ်ဇိုင်းမားရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းအတွက် အရေးပါတယ်လို့ ယူဆထားကြပါတယ်။ ကြိုတင်မကုသနိုင်တောင် တစ်ချိန်မှာ ကြုံတွေ့လာရမယ့် အယ်ဇိုင်းမားရောဂါအတွက် ကြိုတင်ပြင်ဆင်ခြင်းများ၊ ဆေးထုံးများအပါအဝင် ဆေးကုသစရိတ်ရာထားခြင်းများပါ ပြုလုပ်ထားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Amyloid beta ပရိုတိန်းများကို ဦးနှောက် scan ဖတ်ခြင်း၊ ကျောရိုးအရည်ကနေ စစ်ထုတ်ခြင်းတို့နဲ့ ထောက်လှမ်းနိုင်ပေမယ့် ဒီနည်းလမ်းဟာ အကုန်အကျများပြားပြီး နာကျင်မှုများလဲ ရှိပါတယ်။ ဒါကြောင့် ဘယ်သူမှ လုပ်ဆောင်ခြင်းမရှိပါဘူး။ အခု ဒီသွေးနမူနာကနေ စစ်နိုင်မယ်ဆိုရင်တော့ အကုန်အကျသက်သာပြီး လွယ်ကူရိုးရှင်းပါတယ်။

ဒီတွေ့ရှိမှု ရလာဒ်ဟာ အယ်ဇိုင်းမားရောဂါဖြေရှင်းခြင်းအတွက် အများကြီး အထောက်အကူပြုတယ်ဆိုပေမယ့် ကျွန်တော်တို့ သိထားရမှာက သူဟာ ရောဂါကို ကုသပေးမှာမဟုတ်ပါဘူး။ ကြိုတင်သတိပေးခြင်း၊ ပြင်ဆင်ချိန်ပေးခြင်းသာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ အနာဂတ်မှာ မိမိ အယ်ဇိုင်းမားဖြစ်မဖြစ်ကို ကြိုတင်သိရှိပြီး ပြင်ဆင်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အိုဇာတာကောင်းမယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

References: ScienceAlert – LatestNature

Comments