Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

သမုဒ္ဒရာကြီးဆိုတာ ကျယ်ပြောလှပါတယ်။ ရေတစ်မီလီလီတာလောက်ရှိတဲ့အတွင်းမှာကို ဗိုင်းရက်စ်ပေါင်း ၁၀ သန်းခန့် ပါဝင်နေနိုင်ပါတယ်။ အခုကျွန်တော်တို့ တွေ့ရှိလိုက်တာက သူတို့မှာ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးတဲ့ အပေါင်းအပါများလဲ ပါဝင်နေတယ်ဆိုတာပါပဲ။

အခုဆိုရင် သမုဒ္ဒရာကြီးကို ကြီးစိုးထားတဲ့ အမျိုးအမည်မသိ ဗိုင်းရက်စ်မိသားစုကို တွေ့ရှိခဲ့ပြီး သူတို့ကို Lab ခန်းမှာ စမ်းသပ်ခြင်းဟာ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ သမုဒ္ဒရာပြင်ပမှာပါ တည်ရှိနိုင်ပြီး ကျွန်တော်တို့အတွင်းမှာပါ ရှိကောင်းရှိနိုင်တယ်လို့ သိပ္ပံပညာရှင်များက ပြောကြားခဲ့ကြပါတယ်။

“သူတို့ဟာ သမုဒ္ဒရာသီးသန့် ရှင်သန်ကြသူများလို့ မထင်ပါဘူး” လို့ MIT က Microbiologist တစ်ဦးဖြစ်သူ မာတင်ပေါ့ဇ် က ပြောကြားခဲ့ပါတယ်။

ပေါ့ဇ်နဲ့ သူ့ရဲ့ MIT ကအဖွဲ့ဟာ နယူးယောက်က Albert Einstein College of Medicine က သုတေသီများနဲ့ ပူးပေါင်းပြီးတော့ Massachusetts ကမ်းရိုးတန်းကရရှိခဲ့တဲ့ ပင်လယ်ရေနမူနာများကို စမ်းသပ်နေကြတာဖြစ်ပါတယ်။

အမြီှးမပါသော ဗိုင်းရက်စ်များအား အီလက်ထရွန်မိုက်ခရိုစကုတ် အောက်တွင် တွေ့ရပုံ။ Credit – Kauffman et al.

အဲ့ဒီ ရေများအပေါ်မှာ ပေါလောမျောနေတဲ့ အရာများဟာ ထူးခြားတဲ့ တစ်စုံတစ်ရာကို ပိုင်ဆိုင်ရုံတင်မကပဲ သူတို့မပိုင်ဆိုင်တဲ့အရာကလဲ အများနဲ့မတူပဲ ထူးခြားနေပြန်ပါတယ်။

သုတေသီများရဲ့ ပြောကြားချက်အရ တစ်ကမ္ဘာလုံးမှာ ပေါများတဲ့ ဗိုင်းရက်စ်များဟာ double-stranded DNA(dsDNA) ပိုင်ဆိုင်တဲ့ ဗိုင်းရက်စ်များ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာလဲ အမြီှးများ ပိုင်ဆိုင်သူများဖြစ်ကြပြီးတော့ သိပ္ပံပညာအရတော့ Caudovirales များလို့ အသိများပါတယ်။

အခုတွေ့ရှိတဲ့ ဗိုင်းရက်စ်များဟာတော့ အမြီှးမပါတဲ့အတွက် နားလည်ရခက်နေပြီး သူတို့ရဲ့ ဇီဝဗေဒပိုင်းဆိုင်ရာ characteristics များဟာ ပြုလုပ်နေကျ စမ်းသပ်မှုများနဲ့ လွယ်လွယ်ကူကူ မတိုးဘူးဖြစ်နေပါတယ်။

တွေ့နေကျ ပင်လယ်ဘတ်တီးရီးယားတစ်မျိုးဖြစ်တဲ့ Vibrionaceae မှာ ပိုင်ဆိုင်နေတဲ့ ဗိုင်းရက်စ်ပေါင်း ၂၀၀ အတွင်းမှာမှ ၁၈ ဟာ အခုလို အမြှီးမပါတဲ့ ထူးခြားတဲ့ ဒီအန်အေနဲ့ ဗိုင်းရက်စ်များ ဖြစ်နေပါတယ်။

သိပ္ပံပညာရှင်များက ဒီတွေ့ရှိမှုကို Autolykiviridae လို့ ခေါ်ဆိုပြီး ဂရိဒဏ္ဍာရီထဲက လိမ်လည်လှည့်ဖျားသူ မြေခွေးဖြစ်တဲ့ Autolykos ကို အစွဲပြုပြီး မှည့်ခေါ်ထားတာဖြစ်ပါတယ်။

ဒီအမြီှးမပါတဲ့ ဗိုင်းရက်စ်များရဲ့ ဂျီနုမ်း(Genomes) ဟာ သာမန်ဗိုင်းရက်စ်များပိုင်ဆိုင်တဲ့ ၄၀,၀၀၀ – ၅၀,၀၀၀ အရေအတွက်နဲ့ ယှဉ်ရင် အတော်နည်းနေပြီး သူတို့မှာ ၁၀,၀၀၀ ခန့်သာ ပိုင်ဆိုင်တယ်လို့လဲသိရပါတယ်။

ဒီဗိုင်းရက်စ်များဟာ မကြာသေးမီကသာ စတင်ဖြစ်ပေါ်လာကြသူများဖြစ်တယ်လို့ သိပ္ပံပညာရှင်များက တွေးထင်နေကြပါတယ်။ ဒါပေမယ့်လဲ စမ်းသပ်မှုများ အများအပြား ပြုလုပ်ရဦးမှာ ဖြစ်ပြီးတော့ သူတို့ဟာ သမုဒ္ဒရာအတွင်းအပြင် ဒီကုန်းပိုင်း ecosystem ကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ပေးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်လို့ သူတို့ လူတွေဆီရောက်လာပြီဆိုရင် ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးတဲ့ ဆိုးကြိုးများဖြစ်နိုင်သလို ကောင်းကျိုးများလဲ ပေးသွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီစာတမ်းကို Nature မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

Comments