Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

ဇန်နဝါရီ ၃၁ ရက်နေက ပေါက်ကြားလာတဲ့ ဓာတ်ပုံတစ်ပုံအရ တရုတ်ဟာ သင်္ဘောပေါ်မှာ တပ်ဆင်ထားတဲ့ ဟိုက်ပါဆောနစ် railgun ကို စမ်းသပ်နေပြီလို့ ထင်ရပါတယ်။ ဒီ ဟိုက်ပါဆောနစ် သေနတ်ဟာ အကြီးအကျယ်ပျက်စီးစေတဲ့ superweapon တစ်ခုအဖြစ် မှတ်ယူထားပြီး အခု တရုတ်ဟာ ပထမဆုံး လက်တွေ့ တီထွင်စမ်းသပ်သူ ဖြစ်နေပါပြီ။ တကယ်လို့ ဒီသတင်းဟာ မှန်ကန်တယ်ဆိုရင်တော့ တရုတ်နဲ့အမေရိကန်တို့ကြားက လက်ရှိဆက်ဆံရေးကိုလဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲစေနိုင်ပါတယ်။

ဟိုက်ပါဆောနစ် railgun ဟာ လျှပ်စစ်သံလိုက်အားနဲ့ ပစ်ထုတ်လိုက်တဲ့ အရှိန်အဟုန်မြင့် လျှပ်စစ်ဓာတ်များနဲ့ တိုက်ခိုက်တဲ့ လက်နက်တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ချိန်က အမေရိကန်တို့ရဲ့ နမူနာလက်နက်ကို စမ်းသပ်စဉ်က အဲ့ဒီ railgun ရဲ့ လျှပ်စစ်ဓာတ်များဟာ တစ်နာရီကို ၄,၈၅၀ မိုင်နှုန်းနဲ့ အကွာအဝေး ၉၃ မိုင်အထိ ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၁၀ နှစ်အတွင်းမှာ အမေရိကန်ဟာ ဒီလက်နက်ကို အကောင်အထည်ဖော်ဖို့ကို ရပ်တန့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ လက်နက်ကို သင်္ဘော ဒါမှမဟုတ် လေယာဉ်များအပေါ်မှာ တပ်ဆင်ဖို့ မတတ်နိုင်ခဲံတာကြောင့် တကယ့်တိုက်ပွဲအခြေအနေမှာ အသုံးပြုဖို့ခက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလက်နက်ကို အကောင်အထည်ဖော်ဖို့ ခက်ခဲ့တယ်ဆိုပေမယ့် မဖြစ်နိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ အဲ့ဒီ ဟိုက်ပါဆောနစ် လက်နက်ကို တန်ပြန် ခုခံနိုင်မယ့် နည်းပညာမရှိသေးဘူးလို့ Royal United Services Institute က ဂျပ်စ်တင် ဘရွန့်ခ် က New Scientist ကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီလက်နက်ဟာ အရမ်းကို မြန်ဆန်ပြီး သေးငယ်တာကြောင့် သူ့ကို ခုခံမယ့် anti-ship missiles နဲ့ anti-aircraft defense system မရှိသေးဘူးလို့လဲ ပြောပါတယ်။

ဟိုက်ပါဆောနစ် Railgun တပ်ဆင်ထားသည်ဟု ယူဆရသော တရုတ်၏ သင်္ဘော

ဒီ ဟိုက်ပါဆောနစ် လက်နက်ဟာ တကယ်ဖြစ်ထွန်းခဲ့ပြီဆိုရင်တော့ သူ့ကို ကာကွယ်နိုင်ဖို့အတွက် နည်းပညာများကိုလဲ နိုင်ငံများပိုင်ဆိုင်ဖို့ အပြင်းအထန် ကြိုးပမ်းရပါတော့မယ်။ အခု ဒီလက်နက်ပိုင်ဆိုင်မှုကို တရုတ်က အတည်မပြုသေးပေမယ့် တကယ်လို့ ပိုင်ဆိုင်နေတယ်ဆိုရင်တော့ တရုတ်ဟာ အခြားနိုင်ငံများ ပြန်လည်မခုခံနိုင်တဲ့ လက်နက်တစ်ခုကို ပိုင်ဆိုင်နေတာ ဖြစ်သွားပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ တရုတ်ဟာ အမေရိကန်ထက် လွန်စွာသာလွန်တဲ့ စစ်တပ်နည်းပညာကို ပိုင်ဆိုင်သူဖြစ်ပါလိမ့်မယ်။

ဒီလို လက်နက်မျိုး ရှိဖို့ဆိုတာ ဘယ်လောက်ထိ ဖြစ်နိုင်မလဲ။ အခုအချိန်မှာ အတိအကျပြောဖို့ ခက်ပါသေးတယ်။ ပြီးတော့ အဲ့ဒီလက်နက်ကို တရုတ်က သင်္ဘောပေါ်မှာ တပ်ဆင်ထားပြီးဖြစ်တယ်ဆိုရင်တောင် သူ့ရဲ့ စွမ်းဆောင်မှုဟာ တကယ်ထိရောက်လား မထိရောက်လား ဆိုတာကို အတိအကျ မပြောနိုင်သေးပါဘူး။ တကယ်လို့ တရုတ်က တကယ်ပိုင်ဆိုင် အောင်မြင်နေပြီဆိုရင်တော့ တစ်ချိန်က အမေရိကန်တို့ ရပ်နားလိုက်တဲ့ ပရောဂျက်ကို အကောင်အထည်ဖော်လိုက်တာဖြစ်တဲ့အတွက် ကျော်သလို ဖြစ်သွားပါတယ်။ သူတို့ ဆက်ဆံရေးဟာလဲတစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပြီး အခြားနိုင်ငံများဟာလဲ ဖြစ်နိုင်ခြေများကို ပြင်ဆင်ထားဖို့အတွက် တာဝန်တစ်ရပ်ပိုသွားပါလိမ့်မယ်။

References: New ScientistPopSci

Comments