Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

အခုဆိုရင်တော့ သုတေသီများဟာ အလွန်ကိုအသေးစိတ်ပြီးတော့ နားလည်လွယ်တဲ့ စာတမ်းတစ်ခုကို တင်ပြခဲ့ပါတယ်။ ကမ္ဘာကြီး မျက်နှာပြင်ရဲ့ ၁၀ ပုံ ၁ ပုံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂,၈၀၀ က မီးများလောင်ကျွမ်းခဲ့ပြီးတော့ ဆိုပါတယ်။

ဒီမီးမုန်တိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းက ဒိုင်နိုဆောတွေကို မျိုးသုဉ်းစေခဲ့တဲ့ ၆၂ မိုင်အကျယ်အဝန်းရှိ ဥက္ကာခဲကြီး တိုက်ခိုက်မှုနဲ့ ယှဉ်ပြနိုင်တယ်လို့လဲ ပြောပါတယ်။

အဲ့ဒီမီးမုန်တိုင်းကြောင့်ဖြစ်တဲ့ ပြာတိမ်တိုက်များကြောင့် တစ်ကမ္ဘာလုံးအနှံ့ ရေခဲခေတ်အငယ်စားအဖြစ် နှစ်ပေါင်း ၁၀၀၀ ကြာကြာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀,၀၀၀ ကြာကြာဖြစ်ခဲ့တဲ့ Glacier Period လိုအချိန်မျိုးလဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ (နာမည်ကျော် Ice Age ကာတွန်းကားဟာ အဲ့ဒီခေတ်အတွင်းကို ရိုက်ထားတာဖြစ်ပါတယ်။)

Glacial Period(Credit to Livescience)

ဒါဟာ အတည်မပြုရသေးပဲ စစ်ဆေးဆဲ hypothesis တစ်ခုသာဖြစ်ပြီးတော့ သူ့ကို ထောက်ပံ့ပေးဖို့အတွက် သက်သေများလဲ လိုအပ်နေသေးတယ်လို့ Kansas တက္ကသိုလ်က ဒေါက်တာ အန်ဒရီယန် မဲလော့တ် က ပြောကြားပါတယ်။

“အခုရရှိထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိတ်၊ အမိုးနီးယားနဲ့ အခြား chemical signatures များရဲ့ အချက်အလက်တွေအရ ကမ္ဘာမျက်နှာပြင်ရဲ့ ၁၀ ပုံ ၁ ပုံ (၃.၈၆ စတုရန်းမိုင်)ဟာ တစ်ချိန်က မီးမုန်တိုင်းတိုက်မှုကို ခံခဲ့ရတယ်လို့ ပြောနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သိပ္ပံပညာရှင် ၂၄ ယောက်ပါတဲ့ ဒီသုတေသနအဖွဲ့ဟာ ကမ္ဘာ့နေရာ ၁၇၀ ခန့်ကနေပြီးတော့ geochemical နဲ့ isotopic markers များကို ထောက်လှမ်းပြီး ဒီ hypothesis ကို တင်ပြလာတာဖြစ်ပါတယ်။

ဒီမီးမုန်တိုင်းဟာ ဥက္ကာခဲတစ်လုံးတင်မဟုတ်ပဲ အပိုင်းအစများကြောင့် စတင်ခဲ့ရတယ်လို့လဲ ဆိုပါတယ်။ အချို့နေရာများမှာ ပလက်တီနမ်များ များပြားနေခြင်းနဲ့ အချို့နေရာများက ဖုန်(ပြာ) ထူထဲနေခြင်း အကြွင်းအကျန်များဟာ ဥက္ကာခဲနဲ့ မီးမုန်တိုင်းရဲ့ လက်ကျန်ကို ညွှန်ပြနေခြင်းဖြစ်တယ်လို့လဲ ဆိုပါတယ်။

အပင်များနဲ့ တိရိစ္ဆာန်များ သေကြေပျက်စီးခဲ့ကြပြီးတော့ အဲ့ဒီအချိန်မှာ တိုးဝင်နေတဲ့ ရေခဲမြစ်များလဲ ပြန်လည်နိုးထသွားခဲ့ပါတယ်။ လူသားများဟာလဲ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေကို ဖြတ်သန်းခဲ့ရပြီးတော့ လူဦးရေဟာလဲ အဲ့ဒီအချိန်မှာ အဆမတန် ထိုးကျခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ တွက်ချက်မှုများအရ ဥက္ကာခဲများဟာ အိုဇုန်းလွှာကိုလဲ ထိခိုက်စေခဲ့ပြီးတော့ အခြား အရေပြားကင်ဆာများနဲ့ ရောဂါဘယများကိုလဲ ဖြစ်ပွားစေခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ Younger Dryas ခေတ်လို့ခေါ်တဲ့ အပြင်းအထန်အေးတဲ့ ကာလကို ဖြစ်စေခဲ့ပြီးတော့ သူ့ရဲ့ နောက်ဆက်တွဲအဖြစ် သမုဒ္ဒရာ ရေစီးကြောင်းများလဲ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လဲ ဒီဟာကို အတည်မပြုရသေးပဲ hypothesis အခြေအနေမှာသာ ရှိသေးကာ သက်သေများ လိုအပ်နေပါသေးတယ်။ ပြီးတော့ Younger Dryas ကာလကို ဥက္ကာခဲများက ဖြစ်စေခဲ့သလားဆိုတာကိုလဲ သိပ္ပံပညာရှင်များ အငြင်းပွားနေကြပါတယ်။

ဒီ သီအိုရီကို လူတိုင်းက သဘောမတူပေမယ့်လဲတူရကီနိုင်ငံမှာ ဥက္ကာခဲများ ကျရောက်မှုကို ရှေးဟောင်းကျောက်သားများမှာ ထွင်းထားတာကို မနှစ်က တွေ့ရပါတယ်။ ဒီအချက်ဟာ ဒီ ဥက္ကာခဲကြောင့် ရေခဲခေတ်ဖြစ်တဲ့ hypothesis ကို ထောက်ပံ့ပေးနေသလိုလဲ ဖြစ်နေပါတယ်။

တူရကီတွင်တွေ့ရသော ရှေးဟောင်း ကျောက်သားလက်ရာ

ဒီစာတမ်းကို Journal of Geology မှာ ပြည့်စုံစွာ တင်ပြခဲ့တာဖြစ်ပါတယ်။

Comments