Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

၂၀ ရာစုအစောပိုင်းမှာ ရုရှားသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ၊ astronautics နဲ့ rocket ပညာရပ်တို့ရဲ့ ဖခင်တစ်ဦးဖြစ်သူ ဟာ အနာဂတ်မှာ လူသားတို့ အာကာသထဲ ဘယ်လိုနေထိုင်ကြမလဲဆိုတာကို ခန့်မှန်းပြောကြားခဲ့ပါတယ်။

သူဟာ Konstantin Tsiolkovsky (ရုရှားနာမည်မို့ အသံမထွက်တတ်တဲ့အတွက် အင်္ဂလိပ်လိုပဲ ရေးပေးလိုက်ပါတယ်) ဖြစ်ပြီး ၁၈၅၇ ကနေ ၁၉၃၅ ခုနှစ်အတွင်း နေထိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၇ မှာ ကမ္ဘာ့အစိုးရတစ်ရပ်ရှိလာပြီး စစ်ပွဲများလဲ ငြိမ်းချမ်းဖို့ အလားအလာရှိလာမယ်လို့ သူကပြောကြားခဲ့ပါတယ်။ ပြီးတော့ ၂၀၁၇ အတွင်းမှာပဲ လူများဟာ တစ်ခြား ဂြိုဟ်များကို သွားရောက်လေ့လာဖို့ နည်းပညာများ ပိုင်ဆိုင်လာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

အခုဆိုရင်တော့ ၂၀၁၇ ကျော်ပြီဖြစ်တဲ့အတွက် သူ့ရဲ့ အဆိုပါ ခန့်မှန်းချက်နှစ်ခုဟာ လုံးလုံးမှန်တယ်လို့ မပြောနိုင်သေးပါဘူး။ သူ့ရဲ့ တစ်ခြား တွက်ချက် ခန့်မှန်းချက်တွေကို ဆက်ကြည့်ရအောင်။

သူဟာ Outside the Earth ဆိုတဲ့စာအုပ်ကို ရေးသားခဲ့ပြီး သူ့ရဲ့ စာအုပ်ကို ၁၉၆၀ ခုနှစ်မှာ အင်္ဂလိပ်ဘာသာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီစာအုပ်က ဘာအကြောင်းလဲဆိုတော့ ၁၆ ရာစုကနေ ၂၀ ရာစုအတွင်း အကြီးကျယ်ဆုံး သိပ္ပံပညာရှင်များအားလုံးရဲ့ အိပ်မက်ဖြစ်တဲ့ ကမ္ဘာပြင်ပ ခရီးသွားလာခြင်းအကြောင်း ရေးထားတာပဲဖြစ်ပါတယ်။

အဲ့ဒီ သိပ္ပံပညာရှင်များထဲမှာ ဂယ်လီလီယို(၁၅၆၄-၁၆၄၂)၊ အိုင်ဆက် နယူတန်(၁၆၄၂-၁၇၂၇) နဲ့ သူကိုယ်တိုင်(စာအုပ်ထဲမှာတော့ အိုင်ဗန်နော့ဗ် လို့ အမည်ပေးထားသူ) လဲ ပါဝင်ခဲ့ပါတယ်။

သူဟာ ဒီသိပ္ပံပညာရှင်ကြီးများရဲ့ အာဘော်ကို အသုံးပြုပြီးတော့ ကမ္ဘာပြင်ပ လူသားတို့ နေထိုင်ကြမယ့် အနာဂတ်ကို စိတ်ကူးယဉ်ဆန်ဆန် တင်ဆက်ရေးသားသွားခဲ့ပါတယ်။

သူ့ရဲ့ အတွေးခန့်မှန်းချက်များဟာ ယခု လက်တွေ့နဲ့ ဘယ်လောက်နီးစပ်မလဲ လေ့လာကြည့်ရအောင်။

Tsiolkovsky မှ အာကာသယာဉ်၏ ပုံစံကို ၁၈၈၃ ခုတွင် ခန့်မှန်းခဲ့ပုံ
A Rocket Eye’s View ခေါ် ဒုံးပျံကြားမှ သိမြင်ခြင်း

အာကာသယာဉ်မှုးများဟာ အာကာသဒုံးပျံများအပေါ် လိုက်သွားပြီး ကမ္ဘာ့ပတ်လမ်းကြောင်းထဲက ထွက်လို့ ပြန်လှည့်ကြည့်လိုက်တဲ့ အခါမှာ မြင်ရတဲ့ သူ့ရဲ့ မြင်ကွင်းဟာ သူ့စိတ်ကို ပြောင်းလဲသွားစေပါတယ်။ နိုင်ငံများ၊ ဘာသာရေးများ၊ လူမျိုးရေးများဟာ ဘာမှမဟုတ်တော့ပဲ ကမ္ဘာဆိုတာကို ပြာလဲ့လဲ့ ဂြိုဟ်လုံးလေးတစ်လုံးအဖြစ်နဲ့သာမြင်ပါတော့မယ်။ အဲ့ဒီက သူကြည့်လိုက်တဲ့အခါ နိုင်ငံနယ်နိမိတ်များလဲ မတွေ့ရဘူး၊ ဘုရားကျောင်းများလဲ မတွေ့ရတော့ပါဘူး။ သူ့စိတ်ထဲမှာ သူအရေးပါလှတယ်ထင်ခဲ့တဲ့ အရာများအားလုံးဟာ သေးသေးလေးဖြစ်သွားပါမယ် လို့ သူက ရေးသားခဲ့ပါတယ်။ သူက ဒါကို Rocket Eye’s View လို့ ရေးသားခဲ့ပြီးတော့ အခုကျွန်တော်တို့က Overview Effect ဆိုပြီးတော့ ခေါ်ပါတယ်။ အာကာသယာဉ်မှုများအားလုံး ဒါကို ခံစားရပါတယ်။

သူ့စာအုပ်ထဲက အဲ့ဒီနေရာနဲ့သက်ဆိုင်တဲ့အထဲက ကျွန်တော်ကြိုက်တဲ့ စကားစုကို မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။

The men were stunned by the sight, some felt exhausted and moved away from the portholes […] Others, however, darted excitedly from porthole to porthole with cries of surprise and delight.

အာကာသထဲမှာ အားလုံးဟာ ညီမျှတယ်

ဆွဲငင်အားမရှိတော့တဲ့ နေရာရောက်ရင် လူများရဲ့ အဆင့်အတန်းများအားလုံး ပျောက်သွားပြီး ညီတူညီမျှဖြစ်မှုကို ခံစားရမယ်လို့ Tsiolkovsky က တွေးထင်ခဲ့ပါတယ်။

အာကာသထဲရောက်ပြီဆိုရင် နေဆီကရတဲ့ စွမ်းအင်ဟာ ပေါများပြီး အလကားလဲ ရပါတယ်။ ကြီးမားတဲ့ အရာများကို ရွေ့လျားဖို့အတွက် အားအနည်းငယ်သာ ထုတ်ရပါမယ်၊ ဒါကြောင့် construction များဟာလဲ ဘာလုပ်လုပ် စျေးအတူတူသာ ဖြစ်ပါလိမ့်မယ်။

Resources များဟာ လူချမ်းသာနဲ့ လူဆင်းရဲတို့အတွက် အားလုံးအတူတူဖြစ်ပြီးတော့ လူတိုင်းဟာ သူတို့နေထိုင်ချင်တဲ့ နေရာမှာ စိတ်ကြိုက်နေထိုင်ကြမယ်လို့ ဆိုပါတယ်။

လက်တွေ့မှာတော့ အာကာသခရီးသွားလာခြင်းဟာ ချမ်းသာတဲ့နိုင်ငံများမှာသာ တတ်နိုင်နေပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ မသွားနိုင်သေးပါဘူး။ ဒါပေမယ့်လဲ အနာဂတ်မှာ၊ လူသားမျိုးနွယ်တစ်ရပ်လုံး အာကာသထဲ ခရီးစနှင်တဲ့အချိန်မှာတော့ Tsiolkovsky ရဲ့ အတွေးအခေါ်များဟာ ဖြစ်လာနိုင်ပါသေးတယ်။

အများပိုင် အာကာသပစ္စည်းများ

တစ်ချိန်မှာ နိုင်ငံများဟာ အာကာသလေ့လာရေး နည်းပညာများကို ပိုင်ဆိုင်လာပြီဆိုရင် အခြားနားလည်တဲ့ နိုင်ငံများနဲ့လဲ ဝေမျှသုံးစွဲကြမယ်လို့ ပြောထားပါတယ်။

သူ့ရဲ့ စာအုပ်ထဲမှာ စိတ်ကူးယဉ်သိပ္ပံပညာရှင်များဟာ ကမ္ဘာ့ပတ်လမ်း ကီလိုမီတာ ၃၅၀၀၀ မှာ သွားရောက်နေထိုင်ကြပြီးတော့ အာကာသလေ့လာရေးများကို ပူးပေါင်းလုပ်ဆောင်ကြမယ်လို့ ဆိုပါတယ်။ သူတို့ဟာ ၁၀၀၀၀ စတုရန်းမီတာရှိတဲ့ စလင်ဒါပုံစံ capsule များထဲမှာ လိုက်ပါနေထိုင်ကြပြီးတော့ လူ ၁၀၀ ခန့် ဝင်ဆန့်မယ်လို့ ဆိုပါတယ်။

အခုဆိုရင်တော့ လက်တွေ့မှာ ကျွန်တော်တို့ဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း(ISS) ရှိနေပြီဖြစ်ပါတယ်။ ISS ပေါ်မှာလဲ အာကာသပညာ တက်သိတဲ့ နိုင်ငံများက အာကာသယာဉ်မှုများ ပူးတွဲတာဝန်ထမ်းဆောင်နေတာ အခုဆိုရင် ၁၇ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။

ပြီးတော့ Tsiolkovsky က အာကာသထဲမှာ နေထိုင်တာကြာရင် ဆွဲငင်အား လျော့နည်းမှုကြောင့် အရိုးသိပ်သည်းဆလျော့နည်းလာခြင်း၊ အမြင်အာရုံချို့ယွင်းလာခြင်းများ ဖြစ်နိုင်မယ်လို့လဲ ဆိုပါတယ်။ အခုတကယ်ဖြစ်ကြပါတယ်။

နေအဖွဲ့အစည်းအား တူးဖော်ခြင်း

Tsiolkovsky ရဲ့စာအုပ်ထဲမှာ နယူတန်နဲ့ သူ့အဖွဲ့က သိပ္ပံပညာရှင်များဟာ ဥက္ကာခဲများကို ဖမ်းယူတဲ့ အတက်ပညာတတ်မြောက်သွားပြီးတော့ အဲ့ဒီ ဥက္ကာခဲများအပေါ်က သယံဇာတများ၊ နီကယ်၊ သံ၊ ဆီလီကာ၊ အလူမီနာ၊ အောက်စီဂျင်နဲ့ ဂရာဖိုက်တို့ကို တူးဖော်တယ်လို့ စိတ်ကူးယဉ်ရေးသားထားပါတယ်။

ဒီလိုလုပ်ရခြင်းဟာ အဆောက်အဦးများ ဆောက်လုပ်ဖို့ သတ္ထု၊ ရှုရှိုက်ဖို့ အောက်စီဂျင်နဲ့ အပင်စိုက်ဖို့ မြေဆီလွှာ၊အဲ့ဒီကတစ်ဆင့် ရေနဲ့အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

[… ] a rich and inexhaustible source of material for establishing colonies beyond the Earth’s orbit.

အခု ဒီနည်းပညာများကို ကျွန်တော်တို့ မပိုင်ဆိုင်သေးပါဘူး။ ဒါပေမယ့် နာဆာက ဒီနည်းပညာဟာ လက်တွေ့ဆန်တယ်လို့ အတည်ပြုပြီးဖြစ်ပြီးတော့ လက်တွေ့လုပ်ဆောင်နိုင်ဖို့ ကြိုးစား အကောင်အထည်ဖော်နေကြပြီပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာနဲ့ ဝေးဝေးကို ရောက်နေရင် လိုအပ်တဲ့ သယံဇာတများကို အာကာသထဲကပဲ ပြန်လည်သဲ့ယူရပါမယ်။ တကယ်တမ်းတော့ ပေါများပါတယ်။ နည်းပညာပဲ လိုနေတာဖြစ်ပါတယ်။

ပြီးတော့ အခုလက်တွေ့အသုံးပြုနေတဲ့ မားစ်ဂြိုဟ်ပေါ်က Curiosity လေးအပါအဝင် ရေသန့်စင်စက်များအကြောင်းကိုလဲ သူက ခန့်မှန်းထားပါတယ်။

အခု ၂၀၁၈ အရောက်မှာ လူသားတို့ ပြုလုပ်ထားပြီး စေလွှတ်လိုက်တဲ့ Voyager ယာဉ်လေးဟာ Tsiolkovsky ခန့်မှန်းသလို ကမ္ဘာဂြိုဟ်ပြင်ပမကလို့ နေအဖွဲ့အစည်းပြင်ပကိုပါ ခြေဆန့်နေပြီဖြစ်ပါတယ်။

Comments