Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

အစကတော့ ဒါကို ဟာသလို့ပဲ ထင်ခဲ့ပါတယ်။ တကယ်ဖြစ်လာတော့ အံ့လဲ သြခဲ့ရပါတယ်။ ဒါပေမယ့် နောက်မှာ ပြန်သိလိုက်တာက ဒါဟာ ချမ်းသာတဲ့လူကို ထပ်ချမ်းသာသွားစေတဲ့ အကွက်တစ်ကွက်လဲ ဖြစ်နေခဲ့ပါတယ်။ အရင်က အီလွန်မာ့စ်ရဲ့ Boring Company ဟာ ပျင်းရိစွာ လှိုင်ခေါင်းတွေ တူးနေရာကနေ အခု ရုတ်တရတ်ဆိုသလို မီးသေနတ် Flamethrower တွေ စရောင်းတာကို တွေ့လိုက်ရပါတယ်။

တကယ်တော့ မီးသေနတ်ဆိုတာ အရမ်းကို destructive ဖြစ်တဲ့ စစ်လက်နက် တစ်မျိုးလဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် မီးသေနတ်များနဲ့ စစ်မတိုက်အောင် အဲ့ဒီလက်နက် ထုတ်လုပ်ခြင်းကို ၁၉၇၈ ခုနှစ်ကစလို့ ကုလသမဂ္ဂက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

အခုဆိုရင် ကျွန်တော်အပါအဝင် လူတွေ အံ့သြနေကြပြီး သိချင်နေတဲ့ အချက်တစ်ချက်ရှိပါတယ်။ ဘာလို့ အီလွန်မာ့စ်က ရုတ်တရတ်ကြီး မီးသေနတ် ထုတ်ရောင်းရတာလဲ။ ဒါဟာ ဘီလျံနာတစ်ယောက်ရဲ့ ပိုက်ဆံဖြုန်းနည်းအသစ်လား။ သူပျင်းနေလို့ လျှောက်လုပ်တာလား။

(၁)အချက်က ပါဖြစ်နိုင်သလဲဆိုတော့ သူ ပိုက်ဆံလိုချင်လို့ သပ်သပ်ပဲ ဖြစ်နိုင်ပါတယ်။ လေးရက်အတွင်းမှာ တစ်ခုကို ဒေါ်လာ ၅၀၀ ရှိတဲ့ မီးသေနတ်တွေ အကုန်ရောင်းထွက်သွားပါတယ်။ လေးရက်အတွင်းမှာ ကုမ္ပဏီက ဒေါ်လာ ၁၀ သန်းဖို့ ရောင်းလိုက်ရပါတယ်။ ဒီထဲက တော်တော်များများဟာ ကုမ္ပဏီရဲ့ အိတ်ကပ်ထဲပဲ ရောက်တာပါပဲ။ တကယ်တော့ ဒီမီးသေနတ်တွေ လုပ်ဖို့က ဘာမှ အကုန်အကျမများလှပါဘူး။ သာမန်မီးခြစ်အကြီးတစ်လုံးသာဖြစ်ပါတယ်။ လေသေနတ်အတွင်းမှာ မီးခြစ်ထည့်ထားခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအတွက် သူတို့သုံးသွားတဲ့ မားကတ်တင်းဟာလဲ ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါဘူး။ အီလွန်မာ့စ်က သူ့ရဲ့ တွစ်တာကနေ တွိအချို့ အနဲ့ Instagram မှာ ဗီဒီယိုအချို့ တင်သွားရုံသာ ရှိပါတယ်။ ပြီးတော့ သူတို့ဟာ မီးသေနတ်နဲ့အတူ မီးသတ်ဆေးဗူးကိုပါ ပူးတွဲရောင်းချခဲ့ပါတယ်။ ဒီမီးသေနတ်ကို ထုတ်ဖော်ရောင်းချလိုက်ခြင်းဟာ အီလွန်မာ့စ်ရဲ့ Boring Company က လူတွေမထင်ထားတဲ့ product တစ်ခုကို စတိုင်ကျကျ ရောင်းချနိုင်တယ်ဆိုတာကို ကြွားလိုက်သလိုပါပဲ။ သိသာပါတယ်။

(၂) အချက်က သူလုပ်နိုင်ကြောင်း ပြသချင်တဲ့သဘောပါပဲ။ မာ့စ်က ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ သူ့ကိုယ်သူ Iron man ဆန်ဆန် လူတွေ ထင်မြင်ကြအောင်၊ Mad Genius လို့ သမုတ်ကြအောင် သူ့ reputation ကို ကြိုးစားတည်ဆောက်နေခဲ့ပါတယ်။ အချို့လုပ်ငန်းတွေမှာ fail ဖြစ်ခဲ့တာကိုလဲ ပေါ်ပေါ်တင်တင်ကြေငြာပါတယ် (သေချာ လုပ်နေသလားတော့ မပြောတတ်ပါဘူး) ပြီးတော့ အဲ့လို အရှုံးတွေကနေ အခု အလိုအလျောက်မောင်းနှင်တဲ့ကားကို ကိုယ်ပိုင်တီထွင်ထားတဲ့ အာကာသယာဉ်နဲ့ အင်္ဂါဂြိုဟ်ကို ပို့ဆောင်နိုင်ခဲ့ပါပြီ။ ပြီးတော့ သူဟာ PR ကိုလဲ နားလည်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ပေါ်တာရီကိုမှာ မုန်တိုင်းဝင်တုန်းက သူ့ရဲ့ တက်စ်လာကားတွေရဲ့ ဘထ္ထရီတွေကို အသုံးပြုပြီး ဆေးရုံတွေ လျှပ်စစ်မီးရအောင် ကူညီပေးခဲ့ပါတယ်။ ဒီ မီးသေနတ်ဟာ အဲ့လို ကောင်းမွန်တဲ့ PR မဟုတ်ပေမယ့် သူ့လုပ်နိုင်စွမ်းကို စတန့်ထွင် ပြသခြင်းလဲဖြစ်ပါတယ်။

(၃) Zombie apocalypse အတွက် ကြိုတင်ပြင်ဆင်ခြင်းလို့လဲ ပြောပါတယ်။ အောက်က အီလွန်မာ့စ် ကိုယ်တိုင် တွစ်တာမှာ ရေးသားခဲ့တာကို ကြည့်ပါ။

တကယ်လို့ ကျွန်တော်တို့ရဲ့ Bunker များက အဆင်သင့်မဖြစ်သေးဘူးဆိုရင်တောင် မီးသေနတ်နဲ့ Zombie တွေကို ပြန်လည်တိုက်ခိုက်နိုင်မယ်လို့ သူကပြောပါတယ်။ ဂြိုဟ်သားကားတွေနဲ့ Zombie ကားတွေ ရူးသွပ်တဲ့လူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီလူတွေဟာ အဲ့ဒီ တွိကို ဖတ်မိရုံနဲ့ ဒီမီးသေနတ်ကို တန်းဝယ်ပါတယ်။ ပြီးတော့ Boring Company ဟာ မိုးပျံဂျက်နဲ့ portal gun တွေကိုလဲ ထုတ်လုပ်သွားမယ်လို့ သူက reply ထဲမှာ ပြန်ထားပါသေးတယ်။ သူဟာ ဟာသဆန်တဲ့ ထုတ်ကုန်တွေကို တကယ်ထုတ်လုပ်မယ့်သဘောပါပဲ။ ဘီလျံနာတစ်ယောက်ရဲ့ ကစားနည်းပဲဖြစ်ပါတယ်။

(၄) မာ့စ်က ကျွန်တော်တို့သိတဲ့ အခြား ဘီလျံနာတွေလိုမဟုတ်ပါဘူး။ သူဟာ မျက်ခွက်ပြောင်ပါတယ်။ ပျော်ပျော်နေတတ်ပါတယ်။ တွစ်တာမှာလဲ အပျော်သဘော လျှောက်ရေးတတ်ပါတယ်။ ပြီးတော့ မီးသေနတ်နဲ့ပတ်သက်ပြီးတော့လဲ မပျော်တတ်တဲ့လူများ မဝယ်ကြဖို့၊ ပျော်တတ်တဲ့လူများသာ ဝယ်ကြဖို့ သူက ပြောခဲ့ပါသေးတယ်။

သူဟာ အခုလိုတွေ လုပ်နေခြင်းဟာ အခြား ဟိတ်ကြီးဟန်ကြီးနဲ့ အောင်မြင်ရေးတရားတွေ ပြောနေတဲ့ စွန့်ဦးတီထွင်သမားတွေကို ခနဲ့တဲ့ ပုံစံလဲ ပေါက်ပါတယ်။ (အချို့ဘီလျံနာတွေက သူတို့ ဘယ်လို အောင်မြင်ခဲ့ကြောင်း ပြန်ပြောနေတယ်ဆိုတာ ထီပေါက်တဲ့လူတစ်ယောက် သူဘယ်လို ထီထိုးခဲ့ကြောင်း ပြန်ပြောနေတာနဲ့ တူပါတယ်။ ဒါမျိုးတွေဟာ အကျိုးအကြောင်းအားလုံး တိုက်ဆိုင်သွားပြီး ကံထူးတဲ့ လူများသာ အောင်မြင်သွားကြတာပါ။ သူတို့လို ကြိုးစားပေမယ့် မအောင်မြင်နေတဲ့လူတွေလဲ သန်းချီရှိပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ် အီလွန်မာ့စ်ဟာ ဒီလို စတန့်ထွင်ပြီး မီးသေနတ်ကို ရောင်းချလိုက်တာ ဒေါ်လာ သန်းပေါင်း ဆယ်ချီပြီး ပိုချမ်းသာသွားပြီ ဖြစ်ပါတယ်။

References: TwitterThe VergeWiredTheWeek

Comments