Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

ကမ္ဘာက နိုင်ငံများပူးပေါင်းပြီးတော့ အိုဇုန်းလွှာပေါက်ပြဲမှု၊ ပါးလွှာမှုကို ထိန်းချုပ်ဖို့ သဘောတူခဲ့တာ အခုဆိုရင် အနှစ် ၃၀ ခန့်ရှိပြီဖြစ်ပါတယ်။ ဒီ ထရီတီ ကို မွန့်ရီယယ် ပရိုတိုကော(Montreal Protocol) လို့လဲ ခေါ်ပြီးတော့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ နေမင်းကြီးရဲ့ ခရမ်းလွန်ရောင်ခြည်များကနေ ကျွန်တော်တို့ကို ကာကွယ်ပေးနေတဲ့ အိုဇုန်းလွှာကြီးကို ပြန်လည်ပြုပြင်ဖို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် အခု ဥရောပ geoscience union ကထုတ်ဝေတဲ့ Atmospheric Chemistry and Physics ဂျာနယ်ရဲ့ ထုတ်ပြန်ချက်အရတော့ လက်တီကျူနိမ့်တဲ့ နေရာပိုင်းမှာ ရှိတဲ့ အိုဇုန်းလွှာဟာ ကျွန်တော်တို့ မျှော်လင့်ခဲ့သလောက် ပြန်ကောင်းမလာသေးဘူးဆိုတာပဲပါ။ လူတော်တော်များများ နေထိုင်တဲ့ လက်တီကျူအနည်းပိုင်းက ဒေသများမှာ အိုဇုန်းလွှာဟာ ပါးလွှာနေဆဲဖြစ်ပြီးတော့ ဘာလို့လဲဆိုတာကို ကျွန်တော်တို့ သေချာမသိသေးပါဘူး။

အိုဇုန်းလွှာဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကထက် ပါးလွှာနေတာကို တွေ့ရပြီး အထူးသဖြင့် stratosphere လေထုအလွှာမှာ ဖြစ်နေတယ်လို့ စာတမ်းက ဖော်ပြထားပါတယ်။

ဒါကိုကြည့်ခြင်းဖြင့် လေထုပိုမိုကောင်းမွန်လာအောင် ထိန်းသိမ်းတဲ့နေရာမှာ သတ်မှတ်ထားတဲ့ မော်ဒယ်များ လိုအပ်ချက်ရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။ ကလိုရင်းနဲ့ ဘရိုမင်းများ ပျက်စီးယိုယွင်းစေခြင်း၊ တူးဖော်ခြင်းလုပ်ငန်းများကို မွန့်ရီယယ် ပရိုတိုကော က တားမြစ်ထားခြင်းမရှိပဲ၊ ဒီအချက်ကြောင့်လဲ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဆက်လက်စူးစမ်းရဦးမယ်လို့လဲ ပြောကြားထားပါတယ်။

အခုလို မသေချာမှုတွေ ရှိနေပေမယ့်လဲ သေချာနေတာ တစ်ခုရှိပါတယ်။ အခုလို အိုဇုန်းလွှာဟာ မျှော်လင့်ထားသလောက် ပြန်မကောင်းလာခြင်းဟာ မွန့်ရီယယ် ပရိုတိုကော ရဲ့ မကောင်းမှုကြောင့်လို့ မပြောနိုင်ပါဘူး။ ဒီပရိုတိုကော မသတ်မှတ်ခင်က တွက်ချက်မှုများအရ ၂၀၃၀ ရောက်ရင် အရေပြားကင်ဆာကြောင့် သန်းချီပြီး သေဆုံးနိုင်ခြေရှိတယ်ဆိုပေမယ့် အခုလက်တွေ့မှာ အဲ့ဒီထက် သိသိသာသာ နည်းနေတာကို တွေ့ရပါတယ်။ ဒီပရိုတိုကောဟာ ၁၉၈၃ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ရာသီဥတုပူနွေးလာစေမယ့် emission များထဲမှာမှ တန်ချိန်ပေါင်း ၁၃၅ ဘီလီယံကို ရှော့ချပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန်ပေါင်း ၅.၆ ဘီလီယံ ထုတ်လွှင့်မှုကို ရှော့ချတာနဲ့ ညီမျှပါတယ်။

ရှေ့လျှောက်ဆိုရင် ကျွန်တော်တို့ဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို ပိုမိုသတိထားပြီး ကိုင်တွယ်သွားဖို့ လိုအပ်ပါတယ်။ အမြဲတမ်း လေ့လာဆန်းစစ်ပြီး စောင့်ကြည့်နေဖို့လဲ လိုအပ်တယ်လို့ စစ်တမ်းက ပြောကြားထားပါတယ်။

References: EurekalertAtmospheric Chemistry and PhysicsImperial College London

Comments