Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

အခုဆိုရင် အီလွန်မာ့စ်ရဲ့ SpaceX ဟာ ကမ္ဘာ့အားအကောင်းဆုံး ဒုံးပျံယာဉ်ကို လွှတ်လိုက်တာ တော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ ပြီးတော့ အဲ့ဒီ အာကာသယာဉ်ပေါ်မှာ Starman လို့ နာမည်ပေးထားတဲ့ အရုပ်တစ်ရပ်ကို Tesla Roadster ကားပေါ်တင်ပြီး ထည့်ပေးလိုက်ကြတာလဲ သိကြမယ်ထင်ပါတယ်။ သူက အခု အင်္ဂါဂြိုဟ်ကို ဦးတည်နေပြီဖြစ်ပါတယ်။

ဘယ်လိုပဲဆိုဆို ဒီဖြစ်ရပ်ဟာ အာကာသလေ့လာမှုသမိုင်းမှာတော့ သမိုင်းဝင်တဲ့ ဖြစ်ရပ်တစ်ခုပဲလို့ ပြောရမှာဖြစ်ပါတယ်။ ပြီးတော့ တစ်ဖက်က အဆိုးမြင်စိတ်နဲ့ ပြန်စဉ်းစားကြည့်ရအောင်။ မာ့စ်ဟာ အင်္ဂါဂြိုဟ်ပတ်လည်မှာ ရှိပြီးဖြစ်နေတဲ့ အာကာသလေလွင့်ပစ္စည်းများ အပိုင်းအစများထဲကို နောက်ထပ် ကားတစ်စီးပိုတိုးအောင်၊ ပိုရှုတ်သွားအောင် လုပ်လိုက်ခြင်းလဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ အာကာသအတွင်းက လေလွင့် အပိုင်းအစများကို ထည့်သွင်းစဉ်းစားဖို့ လိုလာပြီဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာဘေးပတ်ပတ်လည်မှာ ဝဲနေတဲ့ အာကာသလေလွင့်အပိုင်းအစပေါင်း ၅၀၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီအပိုင်းအစတွေထဲမှာ သူတို့ကိုဖြစ်စေတဲ့ source ပေါင်းများစွာရှိပြီးတော့ တော်တော်များများက လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း ကျွန်တော်တို့ စေလွှတ်ခဲ့တဲ့ အာကာသယာဉ်များ၊ အင်ဂျင်များနဲ့ rocket များက အရာများဖြစ်ပါတယ်။

သူတို့ထဲကမှ ၂၀၀,၀၀၀ ခန့်ဟာ ၁၀ စင်တီမီတာထက် ပိုကြီးတဲ့ ထောက်လှမ်းလို့ရနိုင်တဲ့ ပစ္စည်းများဖြစ်ပြီးတော့ ကျန်တဲ့ ၃၀၀,၀၀၀ ခန့်ဟာ ထောက်လှမ်းဖို့ အရမ်းသေးငယ်တဲ့ ပစ္စည်းများဖြစ်တယ်လို့ NASA က aeronautic and aerospace engineer ဖြစ်သူ စတော့ ဂရေး က ပြောကြားပါတယ်။

ဒီလေလွင့်အပိုင်းအစကြားထဲမှ တစ်ဝက်ခန့်ဟာ အာကာသယာဉ်များ ထိခိုက်ပျက်စီးမှုရဲ့ အပိုင်းအစများဖြစ်ပြီးတော့ လေးပုံတစ်ပုံဟာ အာကာသယာဉ်ငယ်/ကြီးများဖြစ်ပါတယ်။ အဲ့ထဲမှာမှ ၁၅၀၀ ခန့်ဟာ functional ဖြစ်နေသေးတဲ့ ယာဉ်များလဲဖြစ်ပါတယ်။ အခုကြည့်လိုက်မယ်ဆိုရင် လူတွေပြုလုပ်ထားတဲ့ ပစ္စည်းအပိုင်းအစ တန်ချိန်ပေါင်း ၈၀၀ လောက်ဟာ ကမ္ဘာ့ဘေးပတ်ပတ်လည် အာကာသထဲမှာ တဝဲလည်လည် သွားလာနေကြပါတယ်။

သူတို့ကို recycle လုပ်ဖို့ လိုလာပါပြီ

အတိုချုပ်ပြီး တည့်ပြောမယ်ဆိုရင်တော့ အာကာသထဲမှာ မလိုအပ်တဲ့ လေလွင့်အပိုင်းအစများဟာ အစမတန်များပြားနေပါတယ်။ တကယ်တော့ အာကာသအပိုင်းအစတွေရဲ့ အများစုဟာ အရမ်းကို အဖိုးတန် စျေးကြီးတဲ့ material တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အာကာသယာဉ်တွေဆောက်လုပ်ရာမှ အသုံးပြုတဲ့ ပစ္စည်းများ၊ ဆားကစ်များဟာ အလွန်အင်မတန် စျေးကြီးတဲ့ အရာများဖြစ်ပါတယ်။ ဒီလိုအရာတွေကို အာကာသထဲမှာ ဒီတိုင်းကြီး ပစ်ထားရတာ အင်မတန် နှမြောဖို့တော့ ကောင်းပါတယ်။

ပြဿနာတစ်ခုတော့ ရှိပါတယ်။ သူတို့ဟာ အခုဆိုရင် တစ်စက္ကန့်ကို ၄.၃ မိုင်အလျင်နှုန်းနဲ့ ရွေ့လျားနေကြတာဖြစ်တဲ့အတွက် သူတို့ကို ဖမ်းမိဖို့ အရမ်းခက်ခဲ့ပါတယ်။ ဒီလိုအရာတွေကို လိုက်ဖမ်းဖို့အတွက် rocket တွေ တည်ဆောက်ဦးမယ်ဆိုရင်လဲ အကုန်အကျ အရမ်းများပါလိမ့်မယ်။

ဒီလိုဖြစ်ပေမယ့်လဲ သူတို့ကို ထာဝရဒီတိုင်းပစ်ထားလိုက်မယ်လို့ မဆိုလိုပါဘူး။ အာကာသ လေလွင့်အပိုင်းအစများကို ရှင်းလင်းဖို့အတွက် အခုဆို ကြိုးစားနေကြပြီ ဖြစ်ပါတယ်။ နာဆာနဲ့ ဥရောပအေဂျင်စီ (ESA) တို့ပူးပေါင်းပြီး အပိုင်းအစများကို ဖမ်းဖို့အတွက် တိရစ္ဆာန်များကို ဖမ်းတဲ့ နေရာမှာ အသုံးပြုသလို ပိုက်ကွန်ကြီးကို တည်ဆောက်နေတယ်လို့လဲ ပြောပါတယ်။

နာဆာရဲ့ ဒီပရိုဂရမ်ကို NASA Innovative Advanced Concepts (NIAC) အဖွဲ့က ဦးဆောင်လုပ်ဆောင်နေတာဖြစ်ပြီးတော့ လူရဲ့ ဆံပင်မွှေးထက် မထူတဲ့ spacecraft ကိုအသုံးပြုပြီး ပိုက်ကွန်သဖွယ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ တရုတ်ကလဲ လေဆာများပစ်ပြီးတော့ အလေအလွင့် အငယ်များကို လှမ်းဖျက်စီးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကံကောင်းထောက်မစွာပဲ ကျွန်တော်တို့မှာ အချိန်ရှိပါတယ်။ အရမ်းလောစရာမလိုပါဘူး။ ထပ်မဖွဖို့ပဲ လိုပါတယ်။ ဒီအပိုင်းအစများဟာ ကမ္ဘာ့ပတ်လည် အာကာသထဲမှာ နောက်ထပ် နှစ်ပေါင်း ရာထောင်ချီပြီး ဝဲနေမှာဖြစ်ပြီး ကမ္ဘာဆွဲငင်အားထဲကျရောက်လို့ ကမ္ဘာပေါ်ပြန်ကျမလာနိုင်သေးပါဘူး။ ကျွန်တော်တို့ ထပ်မဖွဖို့ပဲ လိုပါတယ်။

References: FuturismNASA

Comments