Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းခဲ့က ၁၀မိုင်ခန့် အကျယ်အဝန်းရှိတဲ့ ဥက္ကာခဲတစ်ခုဟာ မက္ကဆီကိုနိုင်ငံနားက ယူကာတန် ပင်လယ်ကွေးကို တစ်စက္ကန့် ၈ မိုင်နှုန်းရှိတဲ့ အရှိန်နဲ့ ဝင်တိုက်ခဲ့ပါတယ်။ အဲ့ဒီဝင်တိုက်မှုကြောင့်ဖြစ်ပေါ်တဲ့ ပေါက်ကွဲအားများအပြင် နောက်ပိုင်း မြူဖုန်းမှုမျးကြောင့် ကမ္ဘာ့ကုန်းပေါ်က သက်ရှိအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာ သေကြပျက်စီးခဲ့ကြရပါတယ်။ ဒီလိုနဲ့ပဲ ဒိုင်နိုဆောများ မျိုးတုန်းခဲ့ရပါတယ်။ အဲ့ဒီဝင်တိုက်မှုဟာ အဲ့ဒီအဖြစ်အပျက်တစ်ခုတည်းကိုသာ ဦးတည်တာမဟုတ်ပဲနဲ့ ကမ္ဘာအနှံ့အခြားကြီးကြီးမားမား ဖြစ်စဉ်များကိုပါ ဦးတည်ခဲ့ပါတယ်။

မကြာသေးမီက ရရှိတဲ့ စစ်တမ်းတစ်ခုအရ အဲ့ဒီ ဥက္ကာခဲဝင်တိုက်မှုဖြစ်စဉ်ဟာ ကမ္ဘာပေါ်က ကျောက်ချက်လွှာကြီးများကြားမှာ တုန်ခါမှုလှိုင်းများ ပြင်းထန်စွာ ဖြစ်ပေါ်စေခဲ့ပြီး သမုဒ္ဒရာများအောက်က မီးတောင်များကိုလဲ လှုံ့ဆော်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒိုင်နိုဆောမျိုးတုန်းစေမှုအပေါ် သက်ရောက်မှု

ဒီရေအောက်မီးတောင်များပေါက်ကွဲစေမှု တွေ့ရှိချက်ဟာ ဒိုင်နိုဆောများမျိုးတုန်းစေမှုနဲ့ပတ်သက်ပြီး ပိုမိုနားလည်လာစေတယ်လို့ သိရပါတယ်။

ဒီဥက္ကာခဲတိုက်မိမှုကြောင့် မီးတောင်ပေါက်ကွဲမှုများထဲမှာ နာမည်ကြီး Deccan Traps မီးတောင်များလဲ ပါဝင်ပါတယ်။ ဒီ Deccan ပေါက်ကွဲမှုများဟာ အဲ့ဒီ ဥက္ကာခဲဝင်မတိုက်မိခင် နှစ်ပေါင်း ၂၅၀,၀၀၀ လောက်ကတည်းက ဖြစ်ပျက်နေခဲ့တာဖြစ်ပေမယ့် ဥက္ကာခဲက သူ့ကို ပိုပြီးနှိုးဆွခဲ့တယ်လို့ဆိုပါတယ်။

ဒီမီးတောင်များက ရရှိတဲ့ ပြာများဟာ ကမ္ဘာအနှံ့ဖုံးလွှမ်းစေခဲ့ပြီးတော့ ကမ္ဘာတစ်ဝန်းအေးခဲမှုများဖြစ်ပေါ်စေကာ ဒိုင်နိုဆောများကို မျိုးတုန်းစေခဲ့ပါတယ်။ ပြီးတော့ မီးတောင်များ ရုတ်တရတ် နိုးထလာမှုကြောင့် ကမ္ဘာအနှံ့ မြေငလျင်များလဲ ဖြစ်ပေါ်ခဲ့ပါတယ်။

Deccan Traps ပေါက်ကွဲမှုဟာ အိန္ဒိယ တိုက်ငယ်များ(subcontinents) များက ချော်ရည်များကို နိုးထစေခဲ့ပြီး ကောင်းကင်မှာ နေရောင်ခြည်ရဲ့ အပူများကို ပြန်ကန်စေတဲ့ အမှုန်များ(particles များ) ဖြင့် ပြည့်နက်စေခဲ့ပြီး ကမ္ဘာတစ်ဝန်းကို အေးခဲစေခဲ့ပါတယ်။

သေးငယ်တဲ့ နို့တိုက်သတ္တဝါများနဲ့ လေပေါ်ပျံနိုင်တဲ့ မျိုးစိတ်များ(အခုဆို သူတို့ဟာ ငှက်များဖြစ်နေပါပြီ) ဟာ ရှင်သန်နိုင်ခဲ့ပြီး အပင်အများစုနဲ့ တိရစ္ဆာန်မျိုးစိတ်များဟာ သေကြပျက်စီးခဲ့ကြပြီး အစုလိုက် အပြုံလိုက် မျိုးတုန်းမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

အခုလို မျိုးတုန်းမှုများနဲ့ ပတ်သက်ပြီး ဥက္ကာခဲပေါက်ကွဲမှုနဲ့ မြူဆိုင်းမှုများက ပိုမိုတာဝန်ရှိသလား၊ ကမ္ဘာအနှံ့မီးတောင်ပေါက်ကွဲမှုများက ပိုပြီးတာဝန်ရှိသလားဆိုတာကတော့ ကျွန်တော်တို့ တိတိကျကျ မသိသေးပဲ ဆက်လက်လေ့လာရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအချိန်ကာလဟာ ကမ္ဘာပေါ်က သက်ရှိအများစုအတွက် ငရဲတစ်ခုဖြစ်နေခဲ့မှာ ကျိန်းသေပါပဲ။ ဒါပေမယ့် ဘာသာတရားများက ဖော်ပြတဲ့ အပူများနဲ့ပြည့်နှက်နေတဲ့ငရဲဆိုတာထက် အေးပြီး နေရောင်မတွေ့ရတဲ့ ငရဲတစ်ခုဖြစ်နေမယ်လို့ ပြောရင် ပိုမှန်ပါတယ်။

Originally translated the news from Business Insider

Comments