Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

တော်ရုံတန်ရုံဆိုးရွားတဲ့ ဝန်ထမ်းဟာ အလုပ်ကိုနောက်ကျမှလာခြင်း၊ စောစောပြန်ခြင်း၊ အလုပ်ချိန်မှာ Facebook ပွတ်နေခြင်း၊ သူများအတင်းတုတ်နေခြင်း စသည့်အရာများကိုသာ လုပ်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီထက်ဆိုးရွားပြီး smart ဖြစ်တဲ့ ဝန်ထမ်းကတော့ အလုပ်က နျူကလိယားစွမ်းအင်သုံး စူပါကွန်ပြူတာများကို အသုံးပြုပြီးတော့ cryptocurrency mining များ ပြုလုပ်ပါလိမ့်မယ်။

ဖေဖော်ဝါရီလအစောပိုင်းက Sarov မှာရှိတဲ့ All-Russian Research Institute of Experimental Physics (RFNC-VNIIEF) က ရုရှားအင်ဂျင်နီယာများဟာ သူတို့အလုပ်က နျူကလိယားစွမ်းအင်သုံး စူပါကွန်ပြူတာများကို အင်တာနက်ပေါ်ချိတ်ဆက်ခဲ့တဲ့အတွက် အလုပ်ကထုတ်ပြီး အဖမ်းခံခဲ့ရပါတယ်။ သူတို့ဟာ cryptocurrency များကို mining လုပ်ဖို့ အဲ့ဒီလို အင်တာနက်ချိတ်ဆက်ခဲ့တယ်လို့ အဲ့ဒီ institute က head ဖြစ်သူ Tatyana Zalesskaya က Interfax ကို ပြောကြားခဲ့ပါတယ်။ သူတို့အတွက် နျူကလိယား အင်ဂျင်နီယာတစ်ယောက်ရဲ့လစာဟာ လုံလောက်ခဲ့ပုံမရပါဘူး။

ဒီအင်ဂျင်နီယာများဟာ သက်ဆိုင်ရာ ဥပဒေများနဲ့ ရာဇဝတ်မှုပြစ်ဒဏ်များကို ကျခံသွားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လဲ သူတို့ဟာ ဒီ cryptocurrency ကြောင့် ရုရှားနိုင်ငံမှာ ထောင်ကျတဲ့အထဲမှာ ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ရုရှားအစိုးရရဲ့ ထုတ်ပြန်ချက်များအရ အခြားအလုပ်က ဝန်ထမ်းများဟာလဲ သူတို့အလုပ်က စူပါကွန်ပြူတာများကို အသုံးပြုပြီး mining လုပ်ဖို့ ကြိုးစားကြသေးတာကြောင့် အဖမ်းခံကြရပါသေးတယ်။

အခုဆိုရင် ရုရှားဟာ cryptocurrency များအလွဲသုံးစားပြုလုပ်မှုမှာ နာမည်ကြီးလာပြီဖြစ်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကိုယ်တိုင်လဲ ဒီ cryptocurrency များနဲ့ ပတ်သက်မှုများရှိနေတယ်လို့ သတင်းဌာနများက ထင်ကြေးပေးကြပါသေးတယ်။ သူဟာ ၂၀၁၇ ဂျွန်လအတွင်းက cryptocurrency တစ်ခုဖြစ်တဲ့ Ethereum တည်ထောင်သူဖြစ်သူ Vitalik Buterin နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ ဘူတာရင် ဟာ cryptocurrency နဲ့ပတ်သက်ပြီး အတော်ချမ်းသာလာခဲ့တဲ့နောက်ပိုင်း ၂၀၁၇ အောက်တိုဘာလမှာ သူဟာ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ အကြမ်းဖက်မှုလုပ်တယ်ဆိုပြီးတော့ ဆွဲချက်တင်ခံခဲ့ရပါတယ်။ ပြီးတော့ ၂၀၁၈ ဇန်နဝါရီလမှာ သူက national cryptocurrency ကို ပြုလုပ်တော့မယ်လို့ကြေငြာခဲ့ပါတယ်။

အခု RFNC-VNIIEF က အဖမ်းခံရတဲ့ နျူကလိယား အင်ဂျင်နီယာများဟာ သူတို့ အမှုဖြစ်နေတုန်းမှာ ပူတင်တစ်ယောက် cryptocurrency နဲ့ပတ်သက်ပြီး စိတ်ကြည်နေတဲ့အချိန် ဖြစ်ဖို့ မျှော်လင့်နေကြမယ်ထင်ပါတယ်။ ဒါမှမဟုတ် cryptocurrency များနဲ့ပတ်သက်ပြီး အလွဲသုံးစားလုပ်သူများကို သင်ခန်းစာပေးဖို့အတွက် သူတို့ ပြစ်ဒဏ်ကြီးကြီး ခံစားသွားရနိုင်မလားဆိုတာကိုလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Disclaimer : စာရေးသူကိုယ်တိုင်ဟာလဲ cryptocurrency investment များမှာ personal relationship ရှိသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းကိုရေးသားတဲ့အခါမှာ မိမိရဲ့ သဘောထား ထင်မြင်ချက်တစ်ခုမှ ထည့်မထားပဲ အရှိအတိုင်းရေးသားခြင်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။

References: BBC NewsInterfax

Comments