Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend
ကမ္ဘာ့အနှံ့အင်တာနက်

SpaceX ရဲ့ တည်ထောင်သူနဲ့ စီအီးအိုဖြစ်တဲ့ အီလွန်မာ့စ်ဟာ လွန်ခဲ့တဲ့ သုံးနှစ်က ကမ္ဘာအနှံ့အင်တာနက်ပေးဖို့အတွက် ဂြိုဟ်တုကို လွှတ်တင်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ တကယ်လို့ အခုရရှိတဲ့သတင်းများနဲ့ တွစ်တာပေါ်က စာများအရ မှန်ကန်မယ်ဆိုရင် ကုမ္ပဏီရဲ့ ကမ္ဘာအနှံ့အင်တာနက်လွှတ်တင်မယ့် ဂြိုဟ်တု Starlink ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ လွှတ်တင်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ပြီးတော့ အခြား secondary payloads နှစ်ခုဖြစ်တဲ့ Mircrosat 2a နဲ့ 2b ဂြိုဟ်တုတို့ဟာ နောက်လွှတ်တင်မယ့် Falcon 9 မှာ ပါဝင်သွားမယ်လို့လဲ သိရပါတယ်။

ဒါပေမယ့် SpaceX ကုမ္ပဏီကတော့ ဒီသတင်းကို အတည်မပြုရသေးဘူးဖြစ်ပါတယ်။ hsideSAT ကုမ္ပဏီက Paz လို့ခေါ်တဲ့ ၁၃၆၀ ကီလိုဂရမ်အလေးချိန်ရှိ ရေဒါဂြိုဟ်တုတစ်ခု ပါဝင်သွားမယ်လို့သာ အတည်ပြုထားပါသေးတယ်။

SpaceX ရဲ့ ဟာ ပြိုင်ဘက်ကုမ္ပဏီများနဲ့ ပြိုင်ဆိုင်မှုပြင်းထန်စွာ တည်ရှိနေတာဖြစ်တဲ့အတွက် အခုလို သတ်မှတ်ချိန်ထက်စောပြီးတော့ ကြိုးစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့ထဲက နာမည်အကြီးဆုံးကတော့ Jeff Bezos ရဲ့ Blue Original နဲ့ partner ကုမ္ပဏီဖြစ်တဲ့ oneWeb ပဲဖြစ်ပါတယ်။ OneWeb ဟာ သူတို့ရဲ့ ပထမဆုံးဂြိုဟ်တုကို ၂၀၁၉ ခုနှစ်မှာ လွှင့်တင်မယ်လို့ ပြောခဲ့ပေမယ့် အခုအဲ့ဒီထက် ပိုစောပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ လွှတ်တင်နိုင်တော့မယ်လို့ ဆိုထားပါတယ်။

ဂြိုဟ်တုစနစ်ကြီးတစ်ခုလုံးကို အာကာသထဲမှာကော ကမ္ဘာပေါ်က ထိန်းချုပ်စခန်းတွေမှာပါ အောင်မြင်စွာ တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် နည်းပညာများနဲ့ နှစ်များစွာ လိုအပ်ပြီးတော့ အဲ့ဒီအချိန်အတွင်းမှာလဲ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကုမ္ပဏီများရှိနေတာကြောင့် အချက်အလက်များကို လွယ်ကူစွာ ပြောပြလို့မရဘူးလို့ SpaceX ရဲ့ ဂြိုဟ်တုဌာနက ဒုဥက္ကဌဖြစ်သူ ပက်ထရီရှာ ကူးပါး က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ Fedral Communications Commissions(FCC) မှာ SpaceX ရဲ့ ထုတ်ပြန်မှုများအရ Starlink မှာ မြေပြင်ပေါ်မှ ဓာတ်ငွေ့စခန်းများထားရှိသွားပြီး သူ့ရဲ့ mission control HQ ဟာ ဝါရှင်တန်က Redmond မှာ တည်ရှိသွားမယ်လို့လဲ ပြောကြားထားပါတယ်။

အခုဆိုရင် ကမ္ဘာ့ပထမဆုံး ကမ္ဘာအနှံ့အင်တာနက်တည်ထောင်ဖို့အတွက် ပြိုင်ပွဲဟာ တဖြည်းဖြည်းပြင်းထန်လာပြီဖြစ်ပြီးတော့ CEO နှစ်ဦးဖြစ်တဲ့ SpaceX ရဲ့ အီလွန်မာ့စ်နဲ့ Blue Origin ရဲ့ ဂျက်ဖ်ဘတ်ဇော့ တို့ဟာ တွစ်တာမှာလဲ အပြန်အလှန် စိန်ခေါ်ထားကြပါသေးတယ်။ အဲ့ဒီဂြိုဟ်တုစနစ်ကြီးလဲ အမှန်တကယ်ဖြစ်မြောက်လာမယ်ဆိုရင်တော့ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော်တို့ဟာ ဘယ်နေရာရောက်ရောက် အင်တာနက်ကို ရရှိနိုင်မှာဖြစ်ပြီး တောထဲမှာ လမ်းပျောက်မှာ မပူရတော့ပါဘူး။

References: GeekWireNASA Space Flight

Comments